Sunday, January 19, 2020

တူရကီအတိုက်အခံ ပြည်သူ့ဒီမိုကရက်တစ်ပါတီ (People’s Democratic Party-HDP) ဥက္ကဋ္ဌ၏ ညီတော်စပ်သူ နူရက်တင်ဒီမာတက် (Nurettin Demirtas) အနေ ဖြင့် ကာ့ဒ်သူပုန်အဖွဲ့အား လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးခဲ့ကြောင်း ထုတ်ဖော်ပြောကြား

 

၁၂။         တူရကီအတိုက်အခံ ပြည်သူ့ဒီမိုကရက်တစ်ပါတီ (People’s Democratic Party-HDP) ဥက္ကဋ္ဌ၏ ညီတော်စပ်သူ နူရက်တင်ဒီမာတက် (Nurettin Demirtas)  အနေ ဖြင့် ကာ့ဒ်သူပုန်အဖွဲ့အား လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးခဲ့ကြောင်း ၂၀၁၉ ခုနှစ် အတွင်း ဖမ်းဆီးခံထားရသည့်ကာ့ဒ်သူပုန်များက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ တူရကီတပ်ဖွဲ့ဝင်များသည် ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံအရှေ့ပိုင်းရှိ ဆာနက် (Sirnak) နှင့်ဟက်ကာရီ (Hakkari) ပြည်နယ်တို့တွင် ပြုလုပ်သည့်စီးနင်းမှုများအတွင်း ၎င်းတို့အား ဖမ်းဆီးခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ဒီမာတက်အနေဖြင့် ကာ့ဒ်သူပုန်အဖွဲ့သို့  လွန်ခဲ့သောအချိန် များကပင် ဝင်ရောက်ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးထားရသည့်သူပုန်တစ်ဦးက ပြောကြားထားပါသည်။ HDP ပါတီအနေဖြင့် ကာ့ဒ်သူပုန်အဖွဲ့နှင့် ဆက်နွှယ်လျက် ရှိသည်ဟု တူရကီအစိုးရအဖွဲ့က ကာလကြာရှည်စွပ်စွဲပြောကြားလျက်ရှိကြောင်း သိရှိရ ပါသည်။

No comments:

Post a Comment