Friday, January 10, 2020

ရုရှားနှင့် တူရကီနိုင်ငံတို့အနေဖြင့် ဆီးရီးယားနိုင်ငံ၊ အိုင်ဒလစ်(Idlib) ပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်ခုကို အကောင်အထည် ဖော်နိုင်ခဲ့ခြင်း

 

၇။           ရုရှားနှင့် တူရကီနိုင်ငံတို့အနေဖြင့် ဆီးရီးယားနိုင်ငံ၊ အိုင်ဒလစ်(Idlib) ပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်ခုကို အကောင်အထည် ဖော်နိုင်ခဲ့သည်ဟု ရုရှားစစ်ဘက်မှ ဗိုလ်ချုပ် ယူရီဘိုရန်ကော့(Yury Borenkov) က ပြောကြားခဲ့ပါသည်။ အဆိုပါသဘောတူညီချက်များအရ ဆီးရီးယားနိုင်ငံအတွင်း အပစ်အခတ်ရပ်စဲမှုအား ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၉ ရက်တွင် စတင်သက်ရောက် ခဲ့ကြောင်း ဗိုလ်ချုပ် ဘိုရန်ကော့က ထပ်လောင်းပြောကြားခဲ့ပါသည်။ တူရကီအစိုးရ အနေဖြင့် ဆီးရီးယားနိုင်ငံအတွင်း အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်နိုင်ရန် အတွက် ၎င်း၏ ကိုယ်စားလှယ်အဖွဲ့များအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ရုရှား နိုင်ငံသို့စေလွှတ်၍ ဆွေးနွေးပွဲများပြုလုပ်စေခဲ့ပါသည်။ ထို့ပြင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် တွင် ဆီးရီးယားအစိုးရနှင့် မဟာမိတ်ရုရှားအဖွဲ့တို့သည်  အိုင်ဒလစ်ပြည်နယ်အတွင်း၌ စစ်ဆင်ရေးများပြုလုပ်၍ သူပုန်အဖွဲ့များအား နှိမ်နင်းခဲ့ပါသည်။ အဆိုပါသဘောတူညီချက် မှာ များစွာအရေးပါပြီး ယင်းသဘောတူညီချက်အရ အိုင်ဒလစ်ပြည်နယ်မှ ဒုက္ခသည်များ ဝင်ရောက်မှုကို တားဆီးနိုင်မည်ဖြစ်သော်လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment