၉။ တူရကီနိုင်ငံအရှေ့ပိုင်းတွင်
ဇန်နဝါရီလ ၂၅ ရက်၌ ပြင်းအား ၆.၈ မဂ္ဂနီကျု ရှိသည့် အင်အားပြင်းထန်သည့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း တူရကီသဘာဝဘေးအန္တရာယ် အရေးပေါ်စီမံခန့်ခွဲရေးဌာနက ပြောကြားခဲ့ပါသည်။
ငလျင်လှုပ်ခတ်မှုကြောင့် အဆောက် အအုံများပြိုကျခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း
အရာရှိ တစ်ဦးက ဇန်နဝါရီလ ၂၆ ရက်တွင် ပြောကြားခဲ့ပါသည်။ အဆိုပါငလျင်ကြောင့် လူ ၁,၅၅၆ ဦးဒဏ်ရရှိခဲ့ပြီး အနည်းဆုံး ၃၁
ဦး သေဆုံးခဲ့ပါသည်။ ငလျင်ဒဏ်ဘေးသင့် ဒေသများ၌ အပူချိန် ၂၃ ဒီဂရီဖာရင်ဟိုက်အထိလျော့ကျခဲ့ပြီး ငလျင်ဒဏ်သင့်ပြည်သူများ
အတွက် အရေးပေါ်ရွက်ဖျင်တဲ ၉,၅၀၀ နှင့် အစားအသောက်များထောက်ပံ့ပေးခဲ့ကြောင်း ၎င်းဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု
သိရှိရပါသည်။
No comments:
Post a Comment