အီရန်အဏုမြူစွမ်းအင်အဖွဲ့ (AEOI) အကြီးအကဲ အလီအက္ကဘာဆာလီဟီ (Ali
Akbar Salehi) သည် ၂ နှစ်လျှင်တစ်ကြိမ် ကျင်းပသည့် နျူကလီးယားလုံခြုံရေး ဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲအား
တက်ရောက်ရန်အတွက် ဖေဖော်ဝါရီလ ၉ ရက်တွင် ဩစတြီးယားနိုင်ငံ ဗီယင်နာ (Vienna) မြို့သို့
ရောက်ရှိခဲ့ကြောင်း အီရန်ပြည်တွင်း သတင်းဌာနတစ်ခုက
ဖော်ပြခဲ့ပါသည်။ အဆိုပါထိပ်သီးဆွေးနွေးပွဲအား နိုင်ငံတကာ အဏုမြူစွမ်းအင်အဖွဲ့ (IAEA) မှ ဦးဆောင်ကျင်းပသွားမည်ဖြစ်ပါသည်။ ကုလသမဂ္ဂ (UN)
၏ နျူကလီးယားဆိုင်ရာအထူးအဖွဲ့သည် ၎င်းထိပ်သီးဆွေးနွေးပွဲအတွင်း နျူကလီးယားဓာတ်ပေါင်းဖိုများ
မည်သို့လုံခြုံစွာကိုင်တွယ်ရမည့် ခေတ်မီနည်းလမ်း များနှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများသို့
အသိပညာပေးမျှဝေသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment