၈။ ရုရှားနှင့် တူရကီနိုင်ငံတို့သည် ဖေဖော်ဝါရီလ ၂၆ ရက်တွင် တူရကီနိုင်ငံ၌ ပြုလုပ်ခဲ့သော ဆီးရီးယားနိုင်ငံရှိ အိုင်ဒဲလစ်အရေးကိစ္စဆိုင်ရာဆွေးနွေးပွဲအား ဖေဖော်ဝါရီလ ၂၇ ရက်တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း Anadolu Agency က ထုတ်ပြန်ကြေညာခဲ့ပါသည်။ တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗ်လူကာဗူဆိုဂလူ (Mevlut Cavusoglu) သည် ရုရှား-တူရကီဆွေးနွေးပွဲများမှတစ်ဆင့် အိုင်ဒဲလစ်စီရင်စု အတွင်း အပစ်အခတ်ရပ်စဲမှုများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မျှော်လင့် လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ၎င်းတို့သည် ဆီးရီးယားအရေးကိစ္စရပ် နှင့်စပ်လျဉ်း၍ ဖေဖော်ဝါရီလ ၈ ရက်နှင့် ၁၀ ရက်တို့တွင် တူရကီနိုင်ငံ၌လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ရုရှားနိုင်ငံ၌လည်းကောင်း ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသော်လည်း သဘောတူညီချက် တစ်စုံတစ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment