Tuesday, February 18, 2020

တူရကီရှေ့နေများ အာဏာသိမ်းမှုအားနောက်ကွယ်မှကြိုးကိုင်သူဘာသာရေးခေါင်းဆောင်နှင့်ဆက်နွယ်လျက်ရှိသည့်လူ၇၀၀ခန့်အား ဖမ်းဆီးမိန့်ထုတ်ပြန်ခြင်းနှင့်အိုင်ဒဲလစ်စီရင်စုရှိ စောင့်ကြည့်ရေးစခန်းများသို့ စစ်ဘက်သုံးမော်တော်ယာဉ်အစီး၃၀၀ခန့်ပို့ဆောင်ခဲ့ခြင်း

 

တူရကီရှေ့နေများသည် ၂၀၁၆ ခုနှစ်တွင် နိုင်ငံအတွင်းဖြစ်ပွားခဲ့သော စစ်     အာဏာသိမ်းမှုအား နောက်ကွယ်မှကြိုးကိုင်ခဲ့သူ အတိုက်အခံဘာသာရေးခေါင်းဆောင် ဖာသူလတ်ဂူလန် (Fethullah Gulen) နှင့် ဆက်နွှယ်လျက်ရှိသည့် လူ ၇၀၀ ခန့်အား ဖမ်းဆီးမိန့်ထုတ်ပြန်ခဲ့ကြောင်း အန်နာဒိုလူ (Anadolou) သတင်းဌာနက ဖေဖော်ဝါရီလ ၁၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ ဖမ်းဆီးမိန့်ထုတ်ပြန်ခံရသူများတွင် တရားရေး ဝန်ကြီးဌာနနှင့် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များပါဝင်ကြောင်းနှင့် တရားရေးဝန်ကြီးဌာန အတွင်းရှိ ဖာသူလတ်ဂူလန်အပေါ် ထောက်ခံသူများအား ပစ်မှတ်ထား၍ စုံစမ်းစစ်ဆေးမှု များပြုလုပ်ရာတွင်မူ လူ ၇၁ ဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း အဆိုပါသတင်းဌာနက ဖော်ပြ ခဲ့ပါသည်။ ထို့ပြင် ဖမ်းဆီးမိန့်ထုတ်ပြန်ခံထားရသူများစာရင်းတွင် တူရကီစစ်ဘက်မှ တာဝန်ထမ်းဆောင်ဆဲ အရာရှိ ၁၀၁ ဦးလည်းပါဝင်ကြောင်း သိရှိရပါသည်။

၉။           တူရကီနိုင်ငံသည် ဆီးရီးယားနိုင်ငံ၊ အိုင်ဒဲလစ် (Idlib) စီရင်စုရှိ စောင့်ကြည့်ရေး စခန်းများသို့ စစ်ဘက်သုံးမော်တော်ယာဉ်အစီး ၃၀၀ ခန့်အား ပို့ဆောင်ခဲ့ကြောင်း ဟာဘက်တွတ် (Haberturk) သတင်းစာက ဖေဖော်ဝါရီလ ၁၈ ရက်တွင် ဖော်ပြခဲ့ပါ သည်။ အဆိုပါစစ်ဘက်သုံးမော်တော်ယာဉ်များနှင့်အတူ သံချပ်ကာယာဉ်များနှင့် ယာဉ်တင် လက်နက်ကြီးများလည်းပါဝင်ကြောင်း အဆိုပါသတင်းစာက ဖော်ပြထားပါသည်။ တူရကီ နိုင်ငံအနေဖြင့် ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင်များအပေါ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ထိုကဲ့သို့မော်တော်ယာဉ်စေလွှတ်မှုများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဘေးကင်းဇုန်အတွင်းမှ ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင်များအား   ဖယ်ရှားရှင်းလင်းသွားရန် ကတိပြုထားရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment