Monday, February 10, 2020

တူရကီသမ္မတနှင့် အဇာဘိုင်သမ္မတတို့အကြား အနာဂတ်ကာလတွင် လုပ်ဆောင်မှုသစ်နှင့်ချစ်ကြည်ရေးအကြောင်းဆွေးနွေးခဲ့ခြင်း

 တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် အဇာဘိုင်ဂျန်သမ္မတ အီဟန် အလီယက် (IIham Aliyev) အား ပါလီမန်ရွေးကောက် ပွဲများ၌ အနိုင်ရရှိခဲ့မှုနှင့်ပတ်သက်၍ ချီးကျူးပါကြောင်းနှင့် ပါလီမန်အသစ်၏ လုပ်ဆောင်မှုများတွင် ပါဝင်စေလိုကြောင်း တယ်လီဖုန်းဖြင့် ပြောကြားခဲ့ပါသည်။ ထို့ပြင် အဇာဘိုင်ဂျန်နှင့် တူရကီနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး သည် နယ်ပယ်ကဏ္ဍအားလုံးတွင် အောင်အောင်မြင်မြင်နှင့် ဖွံ့ဖြိုးတိုးတက်လိမ့်မည် ကို ယုံကြည်ပါကြောင်း နှစ်နိုင်ငံခေါင်းဆောင်များက ပြောကြားခဲ့ပါသည်။ ထို့နောက် အနာဂတ်ကာလတွင်လည်း လုပ်ဆောင်မှုအသစ်များအား ဆက်လက်လုပ်ဆောင် သွားရန် နှစ်နိုင်ငံခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment