အမေရိကန်နိုင်ငံအနေဖြင့်
တူရကီနိုင်ငံ၏ ဆီးရီးယားနိုင်ငံ အိုင်ဒဲလစ်
(Idlib) စီရင်စု၌ တင်းမာမှုပဋိပက္ခများမြှင့်တက်လာချိန်တွင် နှစ်နိုင်ငံနယ်စပ်အနီး
ပက်ထရီရော့ ဒုံးပျံစနစ် ၂ ခု တပ်ဖြန့်ချထားမည့် တူရကီနိုင်ငံ၏အကူအညီတောင်းခံမှုအစီအစဉ်အား
အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်မှုပြုလုပ်ခြင်းမရှိသေးကြောင်း အမေရိကန်တာဝန်ရှိသူ တစ်ဦးက
ဖေဖော်ဝါရီလ ၂၁ ရက်တွင် ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် ရုရှားနှင့် ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခများဖြစ်ပွားလျက်ရှိသည့်
အိုင်ဒဲလစ် စီရင်စု၌ နှစ်ဖက်တပ်ဖွဲ့များအကြား
တင်းမာမှုများမြင့်တက်နေချိန်တွင် အထက်ပါအတိုင်း အကူအညီတောင်းခံခဲ့ခြင်းဖြစ်ပါသည်။
လက်ရှိအချိန်၌ အမေရိကန်နှင့် တူရကီနိုင်ငံ တို့မှကိုယ်စားလှယ်များသည် အိုင်ဒဲလစ်စီရင်စု၌
ဖြစ်ပွားလျက်ရှိသည့်ပဋိပက္ခများနှင့် ပတ်သက်၍ ဆွေးနွေးမှုများလုပ်ဆောင်လျက်ရှိကြောင်း
သိရှိရပါသည်။
No comments:
Post a Comment