၁၅။ ချက်သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး သောမတ်စ်ပက်ထရစ်ခ် (Tomas Petricek) နှင့် မြောက်မက်ဆီဒိုးနီးယားနိုင်ငံခြားရေးဝန်ကြီး နီကိုလာဒီမီထရော့ဗ် (Nikola Dimitrov) တို့သည် ဖေဖော်ဝါရီလ ၂၆ ရက်တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုအား အတူတကွလုပ်ဆောင်သွားရန်နှင့် မြောက်မက်ဆီဒိုးနီးယားနိုင်ငံ အား ဥရောပသမဂ္ဂ (European Union-EU) သို့ ဝင်ရောက်ခွင့်ပြုရေးဆိုင်ရာ ကိစ္စရပ် များအား ဆွေးနွေးခဲ့ကြကြောင်း ချက်သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးမူဝါဒ၏ အဓိကဉီးစားပေးတစ်ခုမှာ အနောက်ဘော်လ်ကန်နိုင်ငံများအား အီးယူသို့ ပေါင်းစည်းစေခြင်းဖြစ်ကြောင်း ပက်ထရစ်ခ် က ပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံခေါင်းဆောင်များသည် ကုန်သွယ်ရေး၊ ယဉ်ကျေးမှု၊ ပညာရေးနှင့် ကုလသမဂ္ဂအတွင်း အပြန်အလှန် ကူညီထောက်ပံ့မှုဆိုင်ရာ ကဏ္ဍရပ်များတွင် အတူတကွပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
No comments:
Post a Comment