၁၀။ တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan)နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်(Vladimir Putin)တို့သည် ဆီးရီးယားအရေးကိစ္စရပ်နှင့် ပတ်သက်၍ မတ်လ ၅ ရက်မတိုင်မီအတွင်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၅ ရက်တွင် သတင်းအရင်းအမြစ်တစ်ခုက ဖော်ပြခဲ့ပါသည်။ ဆီးရီးယား အရေးကိစ္စရပ်နှင့်ပတ်သက်၍ တူရကီ၊ ရုရှား၊ ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့ပါဝင်သော ထိပ်သီးဆွေးနွေးမှုအား မတ်လ ၅ ရက်၌ပြုလုပ်ရန် တူရကီဘက်မှ ညှိနှိုင်းလျက် ရှိပါသည်။ ရုရှားကိုယ်စားလှယ်အဖွဲ့သည်လည်း အထက်ပါထိပ်သီးဆွေးနွေးပွဲများမကျင်းပမီ အိုင်ဒဲလစ်အပစ်အခတ်ရပ်စဲရေးဆိုင်ရာအရေးကိစ္စရပ်များ ဆွေးနွေးရန်အတွက် တူရကီ နိုင်ငံသို့ ဖေဖော်ဝါရီလ ၂၆ ရက်တွင် ရောက်ရှိမည်ဖြစ်ပါသည်။ တူရကီသမ္မတ အာဒိုဂန် အနေဖြင့် လစ်ဗျားအရေးကိစ္စများအားလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment