၁၁။ ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်(Emmanuel Macron)သည် ပိုလန်နှင့် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်နိုင်ရန်အတွက် ပိုလန်သို့ ၂ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိလျက်ရှိကြောင်း ဖေဖော်ဝါရီလ ၃ ရက်တွင် သတင်းအရင်းအမြစ်တစ်ခုမှ ဖော်ပြခဲ့ပါသည်။ ဉရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ နှုတ်ထွက်သွားပြီးနောက် ပိုလန်နိုင်ငံသည် အီးယူ၏အကြီးမားဆုံး အရေးပါသည့် အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် ပိုလန်နိုင်ငံ ဝါဆောသို့ လာရောက်ခြင်းလည်း ဖြစ်ပါသည်။ ၎င်းခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံရေး ဆိုင်ရာကိစ္စရပ်များ၊ နျူကလီးယားအရေးကိစ္စရပ်များနှင့် စစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment