တူရကီနှင့် ဗြိတိန်နိုင်ငံတို့ကြားတွင် ကုန်သွယ်ရေးဆိုင်ရာသဘောတူညီချက် တစ်ရပ်အား ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်း၌လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရန်လိုအပ်ကြောင်း တူရကီ - ဗြိတိန်စီးပွားရေးကောင်စီဥက္ကဋ္ဌ အိုစမန်အိုကရေး (Osman Okyay) က ပြောကြားခဲ့ပါသည်။ ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ပြီးနောက် ၎င်းနှစ်နိုင်ငံကြားတွင် စီးပွားရေးဆိုင်ရာရိုက်ခတ်မှုများအား ရှောင်ရှားနိုင်ရေးအတွက် ယခုကဲ့သို့ ပြုလုပ်ရန်လိုအပ်ခြင်းဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ထို့ပြင် ၎င်းနှစ်နိုင်ငံ အနေဖြင့် စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်များကိုလည်း တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ပြီး အဆိုပါကိစ္စရပ်သည် အမေရိကန်နှင့်တူရကီတို့ကြား F-35 တိုက်လေယာဉ် ရောင်းချရေးဆိုင်ရာကိစ္စရပ်အား ထိခိုက်မှုဖြစ်စေလိမ့်မည်မဟုတ်ကြောင်းလည်း အိုကရေးက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment