Monday, February 3, 2020

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးသည် နှစ်နိုင်ငံကုန်သွယ်မှု နှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍ တိုးမြှင့်ရန်အတွက် တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန်နှင့် ယူကရိန်းနိုင်ငံ၏ မြို့တော် ကိဗ်(Kiev) ၌ တွေ့ဆုံဆွေးနွေ

 ၇။           ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelensky) သည် ယူကရိန်းနိုင်ငံ၏ မြို့တော် ကိဗ်(Kiev) ၌ ကျင်းပပြုလုပ်ခဲ့သည့် (၈) ကြိမ်မြောက် နှစ်နိုင်ငံမဟာဗျူဟာမြောက် အဆင့်မြင့်ကောင်စီအစည်းအဝေးတွင် နှစ်နိုင်ငံကုန်သွယ်မှု နှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍ တိုးမြှင့်ရန်အတွက် တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံခေါင်းဆောင် များသည် ကုန်သွယ်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံအကြား လွတ်လပ်သော ကုန်သွယ်မှုဇုန်ထူထောင်ရန်အတွက် သဘောတူလက်မှတ်ရေးထိုးရန် ဆွေးနွေးခဲ့ ကြပါသည်။ ထို့နောက် ကုန်သွယ်ရေး၊ စွမ်းအင်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကဏ္ဍရပ် များအပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံခေါင်းဆောင်များ အနေဖြင့် မျှော်မှန်းထားရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment