၁၃။ တူရကီပိုင်တိုက်ခိုက်ရေးနှင့်
ထောက်လှမ်းရေးမောင်းသူမဲ့လေယာဉ် အန်ကာ- အက်စ် (Anka-S) သည် ရုရှားတိုက်လေယာဉ်
(Su-35) ၏ ပစ်ချမှုကို ခံခဲ့ရသည်ဟု ယူဆရပြီး လွန်ခဲ့သောနာရီအနည်းငယ်အကြာက
ပျက်ကျသွားဖွယ်ရှိကြောင်း ဘူလ်ဂေးရီးယားစစ်ဘက်သတင်းဝက်ဘ်ဆိုက်တစ်ခုက ဖေဖော်ဝါရီလ
၂၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။ အဆိုပါမောင်းသူမဲ့လေယာဉ်သည် ရုရှားတိုက်ခိုက်ရေး
လေယာဉ်များ၏ ထိန်းချုပ်မှုအောက်ရှိ ဆီးရီးယားနယ်စပ် အိုင်ဒဲလစ် (Idlib) စီရင်စု၏ အရှေ့တောင်ဘက်တွင် ပစ်ချခံခဲ့ရခြင်းဖြစ်ပြီး
ရှစ်ကလာ (Shilka) နှင့် ပန်ဆာ- အက်စ် (Pantsir-S) ဒုံးလက်နက်စနစ်များဖြင့် ပစ်ခတ်နိုင်သည့်
အကွာအဝေးထက် ပိုမိုသည့်အမြင့်ပေ၌ရှိနေကြောင်း သိရှိရပါသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မည်သူ့လက်ချက်ကြောင့်ဖြစ်သည်ကို အတိအကျဖော်ထုတ်နိုင်ခြင်း
မရှိသေးကြောင်း သိရှိရပါသည်။
No comments:
Post a Comment