Dailysabah;Feb-28(Fri)
တူရကီနိုင်ငံသည် ဆီးရီးယားစစ်ဘက်၏ လေကြောင်းတိုက်ခိုက်မှုကြောင့်
၎င်းတို့၏တပ်ဖွဲ့ဝင် ၂၂ ဦး သေဆုံးခဲ့ရမှုကို တုံ့ပြန်သည့်အနေဖြင့်
ဖေဖော်ဝါရီလ ၂၈ ရက် အစောပိုင်းတွင် လာတာကီးယား (Latakia) စီရင်စုရှိ ဆီးရီးယားနှင့်
ရုရှားတပ်စခန်း များနှင့် ဟားမား (Hama) ၊ နူဘီ (Nubl) ၊ ဇာရာ (Zahraa) မြို့များရှိ
ပစ်မှတ်များအား ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများပြုလုပ်ခဲ့ပါသည်။
ထို့ပြင် တူရကီစစ်ဘက်သည် အိုင်ဒဲလစ် (Idlib)
စီရင်စုနယ်စပ်တစ်လျှောက်ရှိ ဆီးရီးယားအစိုးရတပ်ဖွဲ့များကိုလည်း အမြောက် များဖြင့်
ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည်
ဖေဖော်ဝါရီလ ၂၇ ရက်တွင် အိုင်ဒဲလစ်စီရင်စုရှိ တင်းမာမှု များနှင့်ပတ်သက်သည့် အရေးပေါ်အစည်းအဝေးတစ်ခုအား အမျိုးသားထောက်လှမ်းရေး
အဖွဲ့အကြီးအကဲအပါအဝင် အစိုးရဝန်ကြီးများနှင့် ထိပ်တန်းအရာရှိများဖြင့် ပြုလုပ်ခဲ့ ပါသည်။
ထို့ပြင်
တူရကီဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံးကလည်း ဆီးရီးယားအစိုးရ တပ်ဖွဲ့ဝင်များအပေါ်
တူရကီ၏ထိုးစစ်ဆင်တိုက်ခိုက်မှုနှင့်ပတ်သက်၍ ကြေညာချက် တစ်ခုကို ထုတ်ပြန်ခဲ့ပါသည်။ ယင်းကြေညာချက်တွင်
တူရကီတပ်ဖွဲ့ဝင်များအနေဖြင့် အနည်းဆုံးဆီးရီးယားတပ်ဖွဲ့ဝင်
၁၇၀၉ ဦးကို ချေမှုန်းနိုင်ခဲ့ကြောင်းနှင့် တင့်ကား ၅၅ စီး၊ ရဟတ်ယာဉ် ၃ စီး၊
သံချပ်ကာယာဉ် ၁၈ စီး၊ ဟောင်ဝစ်ဇာ ၂၉ လက်၊ စစ်ဘက်ယာဉ်
၂၁ စီး၊ ခဲယမ်းဂိုဒေါင် ၆ ခု၊ အမြောက် ၇ လက်၊ စက်သေနတ်ကြီး ၄ လက်တို့အား ဖျက်ဆီးနိုင်ခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။
တူရကီနှင့် ရုရှားတို့သည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် အိုင်ဒဲလစ်စီရင်စုအား စစ်မဲ့ဇုန်အဖြစ်သတ်မှတ်ရန်
သဘောတူညီ ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment