၅။ ဆီးရီးယားအစိုးရသည် တူရကီကျောထောက်နောက်ခံပြု ဆီးရီးယားအမျိုးသား တပ်မတော် (Syrain National Army-SNA) မှ ထိန်းချုပ်ထားသည့်
အယ်လ်ဘတ် (al-Bab) မြို့သို့ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း
ဒေသတွင်းသတင်းရင်းမြစ် များက ဖေဖော်ဝါရီလ ၂
ရက်တွင် ပြောကြားခဲ့ပါသည်။ ဖေဖော်ဝါရီလ ၁ ရက်တွင် တူရကီကျောထောက်နောက်ခံပြု ဆီးရီးယားအမျိုးသားတပ်မတော်က
ဆီးရီးယားနိုင်ငံ၊ အလက်ပို (Aleppo) မြို့၏ အရှေ့မြောက်ဘက် ၃၅ မိုင်အကွာ အယ်လ်ဘတ်မြို့အနီးရှိ ဆီးရီးယားအစိုးရတပ်ဖွဲ့အား တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက်
ဆီးရီးယားအစိုးရ၏ ပြန်လည် တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။
တူရကီကျောထောက်နောက်ခံပြုတပ်ဖွဲ့များသည် အယ်လ်ဘတ်မြို့အနီး
ထိုးစစ်ဆင်တိုက်ခိုက်မှုများအတွင်း ရုရှားနှင့် ဆီးရီးယားနယ်စပ်ဂိတ် ၂ ခုအား သိမ်းပိုက်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment