ဘူလ်ဂေးရီးယားစစ်ဘက်တပ်ဖွဲ့ဝင်များသည်
နိုင်ငံအတွင်းနှင့် နိုင်ငံတကာ တို့၌ ပြုလုပ်သည့်စစ်ရေးလေ့ကျင့်ခန်းများကို ၂၀၁၉ ခုနှစ်တွင်
၂၀၁၈ ခုနှစ်ထက်ပိုမို၍ ပြုလုပ်ခဲ့ကြောင်း ဘူလ်ဂေးရီးယားကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်ကြီး အန်ဒရေးဘိုဆက်ဗ် (Andrey
Botsev) က ဖေဖော်ဝါရီလ ၆ ရက်တွင် ပြောကြားခဲ့ပါသည်။ ဘူလ်ဂေးရီးယား စစ်ဘက်တပ်ဖွဲ့ဝင်များသည်
နိုင်ငံအတွင်းပြုလုပ်သည့်စစ်ရေးလေ့ကျင့်ခန်း ၂၇၆ ခုနှင့် နိုင်ငံတကာတွင်ပြုလုပ်သည့်
စစ်ရေးလေ့ကျင့်ခန်း ၅၅ ခုတို့တွင် ပါဝင်ဆောင်ရွက်ခဲ့ ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
၂၀၁၈ ခုနှစ်တွင်မူ ဘူလ်ဂေးရီးယားစစ်ဘက် တပ်ဖွဲ့ဝင်များသည်
နိုင်ငံအတွင်းပြုလုပ်သည့်စစ်ရေးလေ့ကျင့်ခန်း ၂၅၅ ခုနှင့် နိုင်ငံတကာ တွင် ပြုလုပ်သည့်စစ်ရေးလေ့ကျင့်ခန်း ၄၆ ခုတွင်သာ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း
သိရှိရ ပါသည်။
No comments:
Post a Comment