။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြေထဲပင်လယ်အရေးနှင့်စပ်လျဉ်း၍
တရားမျှတမှုရှိရန်နှင့် တစ်သမတ်တည်းဖြစ်ရန်လိုအပ်ကြောင်း
တူရကီသမ္မတ ရီဆတ် တေရစ်အာဒိုဂန် (Recep
Tayyip Erdogan) က ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်
(Angela Merkel) နှင့် စက်တင်ဘာလ ၁၆ ရက်တွင်
ဗီဒီယိုကွန်ဖရင့်မှပြုလုပ်သည့် ဆွေးနွေးမှုအတွင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် မြေထဲပင်လယ်အရေးနှင့်စပ်လျဉ်း၍ ဖြစ်ပွားလျက်ရှိသောပဋိပက္ခများအား ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့်
ဖြေရှင်းသွားနိုင်ကြောင်း နှင့် တူရကီနိုင်ငံအနေဖြင့် နိုင်ငံ၏ကိုယ်ပိုင်အခွင့်အရေးများအတွက်
ထိရောက်သည့် မူဝါဒတစ်ရပ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာဒိုဂန်က
ပြောကြားခဲ့ ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း
၎င်းတို့သည် နှစ်နိုင်ငံအကြား ဆက်ဆံရေးအခြေအနေ နှင့် ဒေသတွင်းကိစ္စရပ်များကိုလည်း
ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
No comments:
Post a Comment