Tuesday, September 8, 2020

News Bar

 

             ဆားဘီးယားအစိုးရသည် ၎င်းတို့၏မိတ်ဖက်နိုင်ငံများနှင့်အတူ လာမည့် ၆ လ တာကာလအတွင်း ပြုလုပ်သွားရန်စီစဉ်ထားသည့် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများနှင့် စစ်ရေးလှုပ်ရှားမှုများအားလုံးကို ရပ်ဆိုင်းသွားရန် ဆုံးဖြတ်ခဲ့ကြောင်း ဆားဘီးယား ကာကွယ်ရေးဝန်ကြီး အလက်ဇန်းဒါးဗူလင်း (Alak sandar Vulin) က စက်တင်ဘာလ ရက်တွင် ပြောကြားခဲ့ပါသည်။ ဆားဘီးယားနိုင်ငံသည် စစ်ရေးကြားနေနိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး မိတ်ဖက်နိုင်ငံများ၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများနှင့် စစ်ရေးလှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်မှုကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်သည့် မိမိတို့နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍများအပေါ် ဘက်ပေါင်းစုံမှ ထိုးနှက်မှုများ၏ ရှောင်လွှဲနိုင်ရန်အတွက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ၎င်းက ပြောကြားခဲ့ပါသည်။ ထို့ပြင် ငြိမ်းချမ်းမှုထိန်းသိမ်းရေးမစ်ရှင်များအတွင်ဆားဘီးယားနိုင်ငံ ပါဝင်လုပ်ဆောင်နေမှု ကိုလည်း ရပ်ဆိုင်းသွားနိုင်ဖွယ်ရှိကြောင်းကိုလည်း  ၎င်းက ထပ်မံပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment