Sunday, September 13, 2020

News Bar

 

             ရုရှားနှင့် တူရကီနိုင်ငံတို့သည် စက်တင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ဆီးရီးယားနှင့် လစ်ဗျားပြည်တွင်းရေးရာကိစ္စရပ်များအား ထပ်မံဆွေးနွေးသွားမည်ဖြစ် ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၄ ရက်တွင် ကြေညာ ခဲ့ပါသည်။ ရုရှားနှင့် တူရကီနိုင်ငံတို့သည် အလားတူဆွေးနွေးပွဲမျိုးအား ယခင်က ဩဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၁ ရက်အထိ ရုရှားနိုင်ငံ၊ မြို့တော်မော်စကို၌ ကျင်းပခဲ့ပြီးဖြစ်ပါသည်။ ယခင်ကျင်းပခဲ့သည့်ဆွေးနွေးမှုများတွင် ရုရှားကိုယ်စားလှယ် အဖွဲ့အား ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဆာဂျီဗာရှီနင် (Sergei Vershinin) က ဦးဆောင်ခဲ့ပြီး တူရကီကိုယ်စားလှယ်အဖွဲ့အား တူရကီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဆီဒက်အွန်နယ် (Sedat Onal) က ဦးဆောင်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment