။ အမေရိကန်စစ်ဘက်အနေဖြင့်
မဟာဗျူဟာမြောက် ကာကွယ်ရေးမိတ်ဖက် နိုင်ငံဖြစ်သည့်
လစ်သူရေးနီးယားတွင် တပ်ဖွဲ့ဝင် ၅၀၀ ခန့်အား စက်တင်ဘာလ ၄ ရက် မှစ၍
တပ်ဖြန့်ချထားသွားမည်ဖြစ်ကြောင်း လစ်သူရေးနီးယားကာကွယ်ရေးဝန်ကြီး
ရေမွန်ဒက်စ်ကာရိုဘလစ် (Raimundas Karoblis) က စက်တင်ဘာလ ၃ ရက်တွင် ပြောကြားခဲ့ပါသည်။
လစ်သူရေးနီးယားနိုင်ငံအတွင်း အမေရိကန်တပ်ဖွဲ့ဝင်များ အလှည့်ကျ တပ်ဖြန့်ချထားခြင်းသည်
ဘောလ်တစ်ဒေသအတွင်း NATO အဖွဲ့ဝင်နိုင်ငံများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို
အထောက်အကူပေးမည့် အဓိကကျသော လုပ်ဆောင်မှု တစ်ခုဖြစ်ကြောင်းကိုလည်း ၎င်းက
ပြောကြားခဲ့ပါသည်။ ထို့ပြင် လစ်သူရေးနီးယား နိုင်ငံ၏ အိမ်နီးချင်း ဘီလာရုဇ်နိုင်ငံတွင်
သမ္မတရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ဆန္ဒပြ ဆူပူမှုများ
ဖြစ်ပွားလျက်ရှိချိန်တွင် အဆိုပါတပ်ဖွဲ့ဝင်များအား တပ်ဖြန့်ချထားမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment