Tuesday, September 22, 2020

တူရကီနှင့်ဂရိတို့သည် မြေထဲပင်လယ်အတွင်း တင်းမာမှုများအပေါ် ဆွေးနွေးမှုပြုလုပ်ရန် သဘောတူညီခဲ့ခြင်း

 

Digitaljournal; Sep-23 (Wed)

              တူရကီနှင့်ဂရိနိုင်ငံတို့သည် မြေထဲပင်လယ်အရှေ့ပိုင်းတွင် ရေပိုင်နက် အငြင်းပွားမှုနှင့်ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်ရန် စက်တင်ဘာလ ၂၂ ရက်တွင် သဘောတူညီခဲ့ကြပါသည်။ နှစ်နိုင်ငံအနေဖြင့် ဆွေးနွေးပွဲကိုစတင်ပြုလုပ်ရန် အသင့် ဖြစ်ကြောင်းနှင့် ဆွေးနွေးပွဲသို့ တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan)၊ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ် (Angela Merkel) နှင့် ဥရောပကောင်စီအကြီးအကဲ ချားလ်မီချယ် (Charles Michel) တို့က ဗီဒီယို ကွန်ဖရင့်မှတစ်ဆင့် ဆွေးနွေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း တူရကီသမ္မတရုံးက ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲပြုလုပ်မည့်ရက်ကို အတိအကျသိရှိရခြင်း မရှိသော်လည်း ၎င်းဆွေးနွေးပွဲကို တူရကီနိုင်ငံ၊ အစ္စတန်ဘူလ် (Istanbul) မြို့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း ဂရိနိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့ပါသည်။

              တူရကီနိုင်ငံသည် မြေထဲပင်လယ်အရှေ့ပိုင်းရှိနိုင်ငံများအနက် ပင်လယ် ကမ်းရိုးတန်းအရှည်ဆုံးနိုင်ငံဖြစ်သော်လည်း ဂရိနိုင်ငံပိုင်ကျွန်းများကြောင့် ပင်လယ် ရေပိုင်နက်အား ညီမျှမှုမရှိစွာ ခွဲဝေသုံးစွဲနေရကြောင်း တူရကီနိုင်ငံက ပြောကြားခဲ့ ပါသည်။ သို့သော် မြေထဲပင်လယ်အတွင်း ၎င်းတို့နိုင်ငံ၏ ရေပိုင်နက်ပိုင်ဆိုင်မှုများသည် နိုင်ငံတကာဥပဒေအရသာမက တူရကီနိုင်ငံက လက်မှတ်ရေးထိုးခဲ့သည့် ယခင် သဘောတူညီချက်များအရပါ ခိုင်မာမှုရှိကြောင်း ဂရိနိုင်ငံက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment