။ တူရကီရဲတပ်ဖွဲ့သည်
IS စစ်သွေးကြွအဖွဲ့များနှင့် ဆက်နွှယ်လျက်ရှိသည်ဟု သံသယရှိသူ ၅ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း
တူရကီလုံခြုံရေးသတင်းအရင်း အမြစ်များက စက်တင်ဘာလ ၁၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူရကီရဲတပ်ဖွဲ့သည် မာဆင် (Mersin) နှင့် ဘရူဆာ (Bursa) မြို့တို့အနီးတစ်ဝိုက်ရှိ
နယ်မြေများတွင် ထောက်လှမ်းရေးသတင်းများရရှိမှုကြောင့်
စီးနင်းရှာဖွေမှုများလုပ်ဆောင်စဉ် ၎င်းတို့ ၅ ဉီးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင်
တူရကီရဲတပ်ဖွဲ့အနေဖြင့် ၎င်းတို့၏ ဖုန်းများအတွင်း
ဝါဒဖြန့်ချိရာ၌ အကြမ်းဖက်သမားများအသုံးပြုခဲ့သော ဓာတ်ပုံများနှင့် ဗီဒီယိုအများအပြားကို
ရှာဖွေတွေ့ရှိခဲ့ကြောင်း လုံခြုံရေးသတင်းအရင်းအမြစ်များက ထပ်မံဖော်ပြခဲ့ပါသည်။ တူရကီနိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် ဒက်ရှ်
(Daesh) နှင့် IS အဖွဲ့တို့အား အကြမ်းဖက်အဖွဲ့များအဖြစ် စတင်ကြေညာခဲ့သောနိုင်ငံများတွင်
ရှေ့ဆုံးမှပါဝင်ခဲ့သည့်အချိန်မှစ၍ ၎င်းအကြမ်းဖက်အဖွဲ့များ၏
အကြမ်းဖက်တိုက်ခိုက်မှု များကို မကြာခဏရင်ဆိုင်လာခဲ့ရကြောင်း သိရှိရပါသည်။
No comments:
Post a Comment