၇။ အိုင်ဒဲလစ်
(Idlib) ဒေသတွင်း အခြေအနေများ တည်ငြိမ်လာသည်နှင့် တစ်ပြိုင်နက် ဆီးရီးယားနိုင်ငံရှိ
M4 လမ်းမကြီးပေါ်၌ တူရကီနှင့်ရုရှားတို့၏ ပူးတွဲ ကင်းလှည့်မှုများအား ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
ရုရှားနိုင်ငံခြား ရေးဝန်ကြီး ဆာဂျီလက်ရော့ဗ် (Sergey Lavrov) က စက်တင်ဘာလ ၂၂ ရက်တွင်
ထုတ်ဖော်ပြောကြားခဲ့ပါသည်။ Hayat Tahrir
al-Sham အကြမ်းဖက်သမားများ အနေဖြင့် ဆီးရီးယားစစ်ဘက်တပ်ဖွဲ့များနှင့် Hmeymin
ရုရှားလေတပ်အခြေစိုက် စခန်းအားတိုက်ခိုက်ရန် ကြိုးပမ်းလာမှုများကြောင့် အဆိုပါ
ပူးတွဲကင်းလှည့်မှုအား ခေတ္တဆိုင်းငံ့ခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
ထို့ပြင် ဆီးရီးယားနိုင်ငံအတွင်းရှိ အကြမ်းဖက်သမားများအား အမြစ်ပြတ်ချေမှုန်းသွားရန်
အတွက် ရုရှား-တူရကီနိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာများ ရေးထိုးထားကြောင်းနှင့်
၎င်းတို့၏ ရည်မှန်းချက်အား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း ဆာဂျီလက်ရော့ဗ်က ထပ်လောင်းပြောကြားခဲ့သည်ဟုသိရှိရပါသည်။
No comments:
Post a Comment