။ ဂရိနိုင်ငံအနေဖြင့်
ပြင်သစ်နိုင်ငံထုတ် Rafale တိုက်လေယာဉ် ၁၈ စီး၊ ဘက်စုံသုံး ဖရီးဂိတ်စစ်သင်္ဘော
၄ စီး၊ ရဟတ်ယာဉ် ၄ စီး၊ တင့်ဖျက်လက်နက်များ၊ တော်ပီဒိုများ နှင့် ဒုံးကျည်များကို ဝယ်ယူသွားမည်ဖြစ်ကြောင်း
ဂရိဝန်ကြီးချုပ် ကရီယာကော့စ်မစ် တိုတာကစ်
(Kyriakos Mitsotakis) က စက်တင်ဘာလ ၁၂ ရက်တွင် ပြောကြားခဲ့ ပါသည်။ အဆိုပါဝယ်ယူရေးအစီအစဉ်သည်
လွန်ခဲ့သောသီတင်းပတ်အတွင်းပြုလုပ် ခဲ့သည့် ဥရောပသမဂ္ဂညီလာခံတွင် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်
(Emmanuel Macron) နှင့်တွေ့ဆုံဆွေးနွေးစဉ် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း
မစ်တိုတာကစ်က ပြောကြားခဲ့ပါသည်။ ထို့ပြင်
မစ်တိုတာကစ်က ဂရိနိုင်ငံ၏ ဆိုက်ဘာတိုက်ခိုက်မှုကာကွယ်ရေး နှင့် အမျိုးသားလက်နက်ထုတ်လုပ်ရေးစက်မှုလုပ်ငန်းသို့
ရန်ပုံငွေများ ဖြည့်တင်းသွားမည် ဖြစ်ကြောင်းနှင့်
တပ်ဖွဲ့ဝင်သစ် ၁၅,၀၀၀ အား စုဆောင်းခေါ်ယူသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်ဟု
သိရှိရပါသည်။
No comments:
Post a Comment