Sputnik;Sep-7(Mon)
တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip
Erdogan) နှင့် ကုလသမဂ္ဂအသိအမှတ်ပြု လစ်ဗျားအမျိုးသားသဘောတူညီချက်အစိုးရ
(Government of National Accord-GNA) အကြီးအကဲ ဖာရက်ဆာရစ် (Fayez Sarraj) တို့သည် မြေထဲပင်လယ်အရှေ့ပိုင်း၌ နှစ်နိုင်ငံအကျိုးစီးပွားများအား ကာကွယ်ရန်အတွက် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရေးနည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း တူရကီသမ္မတရုံးက စက်တင်ဘာလ ၆ ရက်တွင် ထုတ်ပြန်ခဲ့ပါ သည်။ အဆိုပါဆွေးနွေးမှုများအတွင်း တူရကီနိုင်ငံအနေဖြင့် လစ်ဗျားနိုင်ငံ၏ နိုင်ငံရေး ဆိုင်ရာ စည်းလုံးညီညွတ်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုတို့အား ထိန်းသိမ်းခြင်းဖြင့် လစ်ဗျား နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးအား ပြန်လည်ထိန်းသိမ်းနိုင်ရန် လုပ်ဆောင်ပေးသွား မည်ဖြစ်ကြောင်း သမ္မတ အာဒိုဂန်က ကတိပြုပြောကြားခဲ့ပါသည်။ လစ်ဗျားနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးသည် ဒေသတွင်း၌သာမက
ဥရောပနှင့်၎င်း၏ အိမ်နီးချင်း နိုင်ငံများအတွက်လည်း အကျိုးအမြတ်များရရှိစေမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြား ခဲ့ပါသည်။
လစ်ဗျားနိုင်ငံတွင် ခေါင်းဆောင် မွမ်မာကဒါဖီ (Moammar Gadhafi) ပြုတ်ကျ
ခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ နိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့ပြီး ကုလသမဂ္ဂ အသိအမှတ်ပြု လစ်ဗျားအမျိုးသားသဘောတူညီချက်အစိုးရ (Government of National Accord-GNA) နှင့် လစ်ဗျားအမျိုးသားတပ်ဖွဲ့ (Libyan Natio nal Army-LNA) ဟူ၍ စင်ပြိုင်အစိုးရနှစ်ရပ် ထွက်ပေါ်လာခဲ့ပါသည်။ GNA အဖွဲ့သည် နိုင်ငံအနောက်ပိုင်းနှင့်
မြို့တော် ထရီပိုလီတို့အားထိန်းချုပ်ထားပြီး ပြိုင်ဘက်လစ်ဗျားအမျိုးသားတပ်ဖွဲ့က နိုင်ငံ
အရှေ့ပိုင်းအား ထိန်းချုပ်ထားပါသည်။ တူရကီနိုင်ငံသည် GNA အစိုးရအား ထောက်ပံ့ပေး လျက်ရှိပြီး ယခုနှစ်အစောပိုင်းတွင် လစ်ဗျားနိုင်ငံသို့ တပ်ဖွဲ့ဝင်များ တပ်ဖြန့်ချထားခဲ့ပါသည်။ ထို့ပြင် တူရကီနိုင်ငံသည် ပြီးခဲ့သည့်နှစ်အတွင်းကလည်း လစ်ဗျားနိုင်ငံနှင့် မြေထဲပင်လယ် အရှေ့ပိုင်း၌ ပင်လယ်ရေကြောင်းဆိုင်ရာ
နားလည်မှုစာချွန်လွှာတစ်ရပ်အား လက်မှတ် ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment