၉။ တူရကီသမ္မတ
ရီဆတ်တေရစ်အာဒိုဂန် ( Recep Tayyip Erdogan) နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် (Emmanuel Macron) တို့သည် အရှေ့မြေထဲ
ပင်လယ်အတွင်း ဖြစ်ပေါ်လျက်ရှိသော တူရကီ-ဂရိတင်းမာမှုများလျော့ကျရေးနှင့်
ပတ်သက်သည့်ကိစ္စရပ်များအား စက်တင်ဘာလ ၂၂
ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ အရှေ့မြေထဲပင်လယ်အရေးနှင့်ပတ်သက်၍ တူရကီနှင့် ဂရိတို့အကြား တင်းမာမှုဖြစ်ပွားပြီးနောက် အာဒိုဂန်နှင့်
မက်ခရွန်တို့သည် အထက်ပါ အတိုင်း ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
ထိုကဲ့သို့ ဆွေးနွေးမှုအတွင်း တူရကီနှင့် ဂရိနိုင်ငံတို့အကြား ဖြစ်ပွားလျက်ရှိသည့်
တင်းမာမှုများအား သံတမန်နည်းလမ်းများ အသုံးပြု၍
ဆွေးနွေးညှိနှိုင်းဖြေရှင်းသွားကြရန် မက်ခရွန်က
အာဒိုဂန်အား တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment