။ ပြင်သစ်နှင့် ဥရောပသမဂ္ဂတို့သည် မြေထဲပင်လယ်အရှေ့ပိုင်းပဋိပက္ခများအား ဖြေရှင်းရာတွင် ကြီးမားသောအဟန့်အတားတစ်ခုဖြစ်နေကြောင်း တူရကီနိုင်ငံက စွပ်စွဲပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံအပေါ် ဥရောပသမဂ္ဂမှ အရေးယူပိတ်ဆို့မှုများ ချမှတ်ရန် ခြိမ်းခြောက်ခဲ့ပြီးနောက် မြေထဲပင်လယ်အရှေ့ပိုင်းနှင့်ပတ်သက်၍ တရား ဝင် ဆွေးနွေးမှုများပြုလုပ်ရန် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် (Emmanuel Macron) က တူရကီနိုင်ငံအား တိုက်တွန်းခဲ့ပါသည်။ ပြင်သစ်နိုင်ငံသည် မြေထဲပင်လယ် အရှေ့ပိုင်းတွင် စွမ်းအင်ထုတ်ယူမှုမှတစ်ဆင့် စစ်ပွဲများဖန်တီးလျက်ရှိကြောင်း တူရကီ နိုင်ငံက စွပ်စွဲပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် ကီလိုမီတာ ၂,၀၀၀ ခန့် ရှည်လျားသည့် ကမ်းရိုးတန်းရှိ ၎င်းတို့အကျိုးစီးပွားများနှင့် အခွင့်အရေးများအား ကာကွယ်ရန်အတွက် ဆက်လက်ရပ်တည်သွားမည်ဖြစ်သည်ဟု တူရကီကာကွယ်ရေး ဝန်ကြီး ဟူလူဆီအက်ကာ (Hulusi Akar) က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment