။ စက်တင်ဘာလ ၁၈ ရက်တွင်
ဥရောပရေးရာပြင်သစ်ဝန်ကြီး ကလဲမင့်ဘီယာနီ
(Clement Beaune) သည်
ဆိုက်ပရပ်စ်နိုင်ငံသို့
ချစ်ကြည်ရေးခရီးစဉ်သွားရောက်၍ ဆိုက်ပရပ်စ်သမ္မတ
နီကို့စ်အက်နာစတာဆီရာဒစ် (Nicos
Anastasiades) အပါအဝင် အစိုးရအဖွဲ့ဝန်ကြီးအချို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ ဘီယာနီအနေဖြင့်
ဆိုက်ပရပ်စ်နိုင်ငံခြားရေးဝန်ကြီး
နီကိုစ်ခရစ္စတိုဒိုလိုက်စ် (Nicos
Christodoulides) နှင့်
တွေ့ဆုံ၍ တူရကီ၏ ရန်စသည့်အပြုအမူများကြောင့် မြေထဲပင်လယ်အရှေ့ပိုင်းအတွင်း တင်းမာမှုအခြေအနေများနှင့် ဥရောပသမဂ္ဂ-တူရကီ ဆက်ဆံရေးဆိုင်ရာ
ကိစ္စရပ်များအား အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ထို့ပြင် ဘီယာနီသည် ဥရောပသမဂ္ဂ လုံခြုံရေးနှင့် ကာကွယ်ရေးမူဝါဒအပါအဝင် မြေထဲပင်လယ်အရှေ့ပိုင်းဒေသ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များအား
ဆိုက်ပရပ်စ်ကာကွယ်ရေးဝန်ကြီး
ချာရာလန်ဘို့စ် ပီထရီဒီစ် (Charalambos
Petrides) နှင့်
တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment