။ ဥရောပသမဂ္ဂသည် လစ်ဗျားနိုင်ငံသို့ လက်နက်များတင်ပို့လျက်ရှိသည့် တူရကီ၊ ဂျော်ဒန်နှင့် ကာဇက်စတန်နိုင်ငံတို့မှ ကုမ္ပဏီ ၃ ခုအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ် သွားရန်စီစဉ်လျက်ရှိကြောင်း သံတမန်သတင်းအရင်းအမြစ်များက AFP သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများက စက်တင်ဘာလ ၂၁ ရက် တွင် ဘရပ်ဆဲလ် (Brussels) မြို့၌ပြုလုပ်မည့် အစည်းအဝေးအတွင်း အဆိုပါ အရေးယူပိတ်ဆို့မှုများကို အတည်ပြုသွားနိုင်ဖွယ်ရှိပါသည်။ အရေးယူပိတ်ဆို့ခံရသည့် ကုမ္ပဏီများအနေဖြင့် အမည်ပျက်စာရင်းသွင်းခံရခြင်း၊ ဥရောပဒေသရှိ ၎င်းတို့၏ ပိုင်ဆိုင်မှုများအပေါ်ကန့်သတ်ခံရခြင်းတို့နှင့် ရင်ဆိုင်သွားရမည်ဖြစ်ပါသည်။ ဥရောပ သမဂ္ဂသည် လစ်ဗျားနိုင်ငံအပေါ် ကုလသမဂ္ဂ၏လက်နက်တင်ပို့မှုပိတ်ပင်မိန့်အား ထိန်းသိမ်း ကြပ်မတ်ရန်နှင့် တားမြစ်ချက်ကိုချိုးဖောက်နေသူများနှင့်ပတ်သက်သည့် သတင်းများ အားစုဆောင်းရန်အတွက် လစ်ဗျားကမ်းလွန်ပင်လယ်ပြင်တွင် ရေတပ်ဆိုင်ရာ မစ်ရှင် တစ်ခု ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။
No comments:
Post a Comment