တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ဥဇဘက်ကစ္စတန်သမ္မတ ရှပ်ကတ်မီဇီရိုရက် (Shavkat Mirziyoyev) တို့သည် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးအပါအဝင် ဒေသတွင်းအရေးကိစ္စများအား တယ်လီဖုန်းဖြင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း တူရကီဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ စက်တင်ဘာလ ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း ဥဇဘက်ကစ္စတန်နိုင်ငံ၏ နှစ်(၃၀)ပြည့် လွတ်လပ်ရေးအခမ်းအနားအား ဂုဏ်ယူ ဝမ်းမြောက်ကြောင်း သမ္မတ အာဒိုဂန်က ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသည် ဥဇဘက်ကစ္စတန်နိုင်ငံ၏ လွတ်လပ်ရေးကို ပထမဆုံးအသိအမှတ်ပြုခဲ့သည့်အပြင် သံတမန်ဆက်ဆံရေးဦးစွာတည်ဆောက်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရှိရ ပါသည်။
No comments:
Post a Comment