Wednesday, September 1, 2021

ပိုလန်-ဘီလာရုဇ်နယ်စပ်တစ်လျှောက် အရေးအပေါ်အခြေအနေကြေညာပေးရန် ပိုလန်သမ္မတတောင်းဆိုခဲ့ခြင်း

 ပိုလန်သမ္မတ အန်ဒရေးဒူဒါ (Andrzej Duda) သည် ၎င်း၏အစိုးရအဖွဲ့အား ပိုလန်-ဘီလာရုဇ်နယ်စပ်တစ်လျှောက် အရေးအပေါ်အခြေအနေကြေညာပေးရန် စက်တင်ဘာလ ၁ ရက်တွင် တောင်းဆိုခဲ့ပါသည်။ ထို့ပြင် နိုင်ငံ၏လုံခြုံရေးကို ဥပဒေအတိုင်း အမြန်ဆုံးတိုးမြှင့်နိုင်ရန်နှင့် နယ်စပ်၌လည်း တိုးမြှင့်လုပ်ဆောင်သွား နိုင်ရန် မျှော်မှန်းထားကြောင်း ဒူဒါက ပြောကြားခဲ့ပါသည်။  ၎င်းအပြင် လွှတ်တော် အနေဖြင့်လည်း အဆိုပါတောင်းဆိုမှုကို အတည်ပြုပေးနိုင်မည်ဟု မိမိအနေဖြင့် ယူဆကြောင်း ဒူဒါက ဆက်လက်ပြောကြားခဲ့ပါသည်။ ရွှေ့ပြောင်းအခြေချနေထိုင်သူ ၃,၀၀၀ ခန့်သည် ယခုလအတွင်း ဘီလာရုဇ်နိုင်ငံမှ ပိုလန်နိုင်ငံသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့် အဆိုပါအရေးပေါ်အခြေအနေကြေညာမှုသည် နယ်စပ် တစ်လျှောက် ရွှေ့ပြောင်းအခြေချနေထိုင်သူများ တရားမဝင် ဝင်ရောက်လာမှုကို တားဆီးပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment