Tuesday, November 2, 2021

တူရကီနှင့် အမေရိကန် ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်း

 

              တူရကီနှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များသည် F-35 တိုက်လေယာဉ်အရေးကိစ္စနှင့်စပ်လျဉ်း၍ ပြုလုပ်ခဲ့သည့်အစည်းအဝေးအတွင်း ရလဒ်ကောင်းများရရှိခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူ ဂျွန်ဘာဘီ (John Kirby) က နိုဝင်ဘာလ ၁ ရက်တွင် ပြောကြားခဲ့ပါသည်။  အမေရိကန်အနေဖြင့် တူရကီမှ ကမ်းလှမ်းထားသည့် F-35 တိုက်လေယာဉ် ဝယ်ယူမည့်အစီအစဉ်အား ပယ်ဖျက်ခဲ့မှု နှင့်ပတ်သက်၍ ၎င်းတို့အကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အထက်ပါ အတိုင်း အစည်းအဝေးပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ တူရကီနိုင်ငံသည် NATO မဟာမိတ် အဖွဲ့ဝင်နိုင်ငံအဖြစ် ဆက်လက်တည်ရှိသည့်နည်းတူ အမေရိကန်အနေဖြင့်လည်း အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများနှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းစဉ်များ၌ အတူတကွဆက်လက် လုပ်ဆောင်ရန် လိုလားလျက်ရှိကြောင်း ကာဘီက ပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံ ကိုယ်စားလှယ်များသည် F-35 တိုက်လေယာဉ်အရေးနှင့်ပတ်သက်၍ ဒုတိယအကြိမ် အစည်းအဝေးအား အမေရိကန်နိုင်ငံ၊ ဝါရှင်တန် (Washington) မြို့၌ ပြုလုပ်ရန် သဘော တူညီချက်ရရှိခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment