AA; Nov-15 (Mon)
တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) သည် လက်ဘနွန်နိုင်ငံ၏ အစိုးရသစ်နှင့်တွေ့ဆုံရန် တရားဝင် ချစ်ကြည်ရေးခရီးစဉ်အဖြစ် လက်ဘနွန်နိုင်ငံ၊ မြို့တော် ဘေရွတ် (Beirut) သို့ နိုဝင်ဘာလ ၁၅ ရက်တွင် ရောက်ရှိနေကြောင်း AA သတင်းဌာနက ရေးသားဖော်ပြထားပါသည်။ ၎င်းခရီးစဉ်တွင် လက်ဘနွန်စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး အာမင်ဆလန် (Amin Salam) နှင့် ပထမဆုံးတွေ့ဆုံခဲ့ပြီး အဆိုပါတွေ့ဆုံမှုတွင် လက်ဘနွန်နိုင်ငံ၏ စီးပွားရေးအခြေအနေ တည်ငြိမ်မှုရှိစေရေးအတွက် တူရကီအစိုးရက စီးပွားရေးဆိုင်ရာကူညီထောက်ပံ့မှုများ ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ကာဗူဆိုဂလူက ပြောကြားခဲ့ပါသည်။
ကာဗူဆိုဂလူသည် သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်တို့နှင့်လည်း တွေ့ဆုံသွားရန်စီစဉ်ထားပြီး ထိုသို့တွေ့ဆုံရာတွင် တူရကီ-လက်ဘနွန် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန်အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ရေးသားဖော်ပြထားပါသည်။ လက်ဘနွန်နိုင်ငံအနေဖြင့် စက်တာဘာလ ၁၀ ရက်တွင် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းပြီးဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ထို့ပြင် လက်ဘနွန်နိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ်မှစတင်ကာ ငွေကြေးတန်းဖိုးကျဆင်းခြင်းအပါအဝင် လောင်စာဆီ၊ ဆေးဝါးပြတ်လပ်မှုများနှင့် စပ်လျဉ်းသည့် ကြီးမားသောပြည်တွင်း စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရကြောင်း သိရှိရပါသည်။
No comments:
Post a Comment