Greekcitytimes;Nov-8(Mon)
ဂရိနိုင်ငံခြားရေးဝန်ကြီး နီကိုးစ်ဒန်နီရက်စ် (Nikoos Dendias) သည် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်မှ ၉ ရက်အတွင်း အီတလီနိုင်ငံ၊ ရောမ (Rome) မြို့နှင့် ဗာတီကန် (Vatican) မြို့တော်သို့ ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ပါသည်။ နီကိုးစ်ဒန်နီရက်စ် သည် နိုဝင်ဘာလ ၈ ရက်တွင် အီတလီနိုင်ငံခြားရေးဝန်ကြီး လွိုင်ဂီဒီမိုင်အို (Luigi Di Maio) နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး နှစ်နိုင်ငံရေပိုင်နက်နယ်နိမိတ် ပိုင်းခြားသတ်မှတ်ခြင်း ဆိုင်ရာ သဘောတူညီချက်အား လက်မှတ်ရေးထိုးသွားမည်ဖြစ်ပါသည်။ ထို့နောက် နီကိုးစ်ဒန်နီရက်စ်သည် နိုဝင်ဘာလ ၉ ရက်တွင် ရောမမြို့ La Sapienza တက္ကသိုလ်သို့ သွားရောက်ကာ “Italian Philhellenism and the Revolution of 1821” အကြောင်းအရာဖြင့် နိုင်ငံတကာညီလာခံဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားမည် ဖြစ်ပါသည်။
၎င်းအပြင် နီကိုးစ်ဒန်နီရက်စ်သည် အီတလီအောက်လွှတ်တော် (Camera dei Deputati) သို့သွားရောက်ကာ နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ ပီရိုဖက်ဆီနို (Piero Fassino) အပါအဝင် အီတလီလွှတ်တော်၏ နိုင်ငံခြားဆက်ဆံရေးကော်မတီအဖွဲ့ဝင် များနှင့်တွေ့ဆုံ၍ နယ်ပယ်အားလုံးတွင် နှစ်နိုင်ငံဆက်ဆံရေးခိုင်မာအားကောင်းစေရေး၊ ဥရောပသမဂ္ဂအတွင်း ပူးပေါင်းဆောင်ရွက်မှု၊ အနောက်ဘော်လ်ကန်၊ လစ်ဗျားနိုင်ငံ၏ အခြေအနေ၊ အရှေ့မြေထဲပင်လယ်နှင့် အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ပါသည်။ နီကိုးစ်ဒန်နီရက်စ်သည် ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ (World Food Program) ရုံးချုပ်တွင် ဒုတိယအမှုဆောင်ဒါရိုက်တာ မာမီရာမာမွတ်ဒ်အဗ္ဗဒူလာ (Amir Mahmoud Abdulla) နှင့်လည်း တွေ့ဆုံသွားမည် ဖြစ်ပါသည်။ ထို့ပြင် နီကိုးစ်ဒန်နီရက်စ်သည် ဗာတီကန်ခရီးစဉ်အတွင်း ဘုန်းတော်ကြီး ပီထရိုပါရိုလင် (Pietro Parolin) နှင့် နိုဝင်ဘာလ ၉ ရက်တွင်တွေ့ဆုံရန် မျှော်မှန်း ထားကြောင်း သိရှိရပါသည်။
No comments:
Post a Comment