Monday, November 15, 2021

ဘူလ်ဂေးရီးယား သမ္မတရွေးကောက်ပွဲ ပထမအကျော့၌ လက်ရှိသမ္မတ ဦးဆောင်နေခြင်း

 

News.cn; Nov-15 (Mon)

ဘူလ်ဂေးရီးယားနိုင်ငံ၏ လက်ရှိသမ္မတ ရူမန်ရာဒက်ဗ် (Rumen Radev) သည် နိုဝင်ဘာလ ၁၄ ရက်တွင်ကျင်းပပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲ ပထမအကျော့၌ အခြားသောသမ္မတလောင်းများထက် မဲအရေအတွက်သာလွန်နေကြောင်း Bulgarian National TV မှ ထုတ်ပြန်သည့် စစ်တမ်းများက ဖော်ပြခဲ့ပါသည်။ ဘူလ်ဂေးရီးယား နိုင်ငံ၏ လူမှုရေးနှင့် နိုင်ငံရေးသုတေသနဆိုင်ရာ ထိပ်တန်းအေဂျင်စီတစ်ခုဖြစ်သည့် Alpha ၏ လူထုစစ်တမ်းကောက်ယူမှုထုတ်ပြန်ချက်အရ ရာဒက်ဗ် သည် ပါတီအများ အပြား၏ ထောက်ခံအားပေးမှုဖြင့် တရားဝင်မဲ ၄၉.၁ ရာခိုင်နှုန်းရရှိရန် ခန့်မှန်းထား ကြောင်းနှင့် Gallup International မှ ပြုလုပ်သည့် အခြားသောစစ်တမ်းအရ ၄၉.၄ ရာခိုင်နှုန်း ရရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားကြပါသည်။ အင်အားကြီးအတိုက်အခံပါတီ ဖြစ်သည့် GERB ပါတီမှဝင်ရောက်ယှဉ်ပြိုင်သော ကိုယ်စားလှယ်လောင်း အန်နက်စ်ဂါဒ် ဂျီကော့ဗ် (Anastas Gerdjikov) သည် Alpha Research ၏ စစ်တမ်းကောက်ယူမှု အရ မဲအရေအတွက် ၂၆.၅ ရာခိုင်နှုန်းနှင့် Gallup International စစ်တမ်းအရ ၂၄.၉ ရာခိုင်နှုန်းအသီးသီးရရှိနိုင်ကြောင်း ဖော်ပြခဲ့ပါသည်။

ထို့ပြင် လူ့အခွင့်အရေးနှင့် လွတ်လပ်ရေးလှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် မူစတာဖာ ကာရာဒါယီ (Mustafa Karadayi) သည် Alpha Research ၏ စစ်တမ်းကောက်ယူမှု အရ မဲအရေအတွက် ၉ ဒသမ ၈ ရာခိုင်နှုန်းနှင့် Gallup International စစ်တမ်းအရ ၈ ဒသမ ၉ ရာခိုင်နှုန်း အသီးသီးဖြင့် တတိယနေရာတွင် ရောက်ရှိလျက်ရှိပါသည်။ Alpha Research ၏ စစ်တမ်းကောက်ယူမှုအရ နိုင်ငံတစ်ဝှမ်း၌ မဲပေးခွင့်ရှိသူ ၃၈.၄ ရာခိုင်နှုန်း နှင့် Gallup International စစ်တမ်းအရ ၃၆.၉ ရာခိုင်နှုန်း အသီးသီးရှိကြောင်း ဖော်ပြ ထားပါသည်။ ပထမအကျော့ရွေးကောက်ပွဲ၌  သမ္မတအဖြစ် ရွေးကောက်တင်မြှောက် ခြင်းခံရနိုင်ရန်အတွက် ကိုယ်စားလှယ်လောင်းတစ်ဦးသည် ဆန္ဒမဲပေးသူအားလုံး၏ ဆန္ဒမဲစုစုပေါင်း ၅၀ ရာခိုင်နှုန်းကျော် ရရှိရမည်ဖြစ်ပါသည်။ တရားဝင်မဲရေတွက်မှုရလဒ် များကို နိုဝင်ဘာလ ၁၆ ရက်တွင် ထုတ်ပြန်သွားမည်ဖြစ်ပြီး မဲရလဒ်တူညီမှုရှိပါက ကိုယ်စားလှယ်လောင်း ၂ ဦး၏ ထပ်မံယှဉ်ပြိုင်မှုအား လာမည့် နိုဝင်ဘာလ ၂၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ပါသည်။ ဘူလ်ဂေးရီးယား သမ္မတရွေးကောက်ပွဲတွင် ကိုယ်စားလှယ် လောင်း ၂၃ ဦးပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ပြည်သူများ၏ ရွေးကောက်တင်မြှောက်မှုဖြင့် သမ္မတသက်တမ်း ၅ နှစ်တာဝန်ထမ်းဆောင်သွားရမည်ဖြစ်ပါသည်။ ရာဒက်ဗ်၏ သမ္မတ သက်တမ်းသည် လာမည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ အကုန်တွင် သက်တမ်းကုန်ဆုံး မည်ဖြစ်ကြောင်း သိရှိရပါသည်။

သုံးသပ်ချက်

          ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးသောနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဘူလ်ဂေးရီးယား နိုင်ငံသည် သမ္မတရွေးကောက်ပွဲများနှင့် လွတ်တော်ရွေးကောက်ပွဲများကို နိုဝင်ဘာလ ၁၄ ရက်တွင် နိုင်ငံတစ်ဝှမ်း၌ တစ်ပြိုင်နက် စတင်ကျင်းပပြုလုပ်ခဲ့ပါသည်။ သမ္မတရွေး ကောက်ပွဲအား ပထမအကျော့ပြုလုပ်ခြင်းဖြစ်ပြီး လာမည့် နိုဝင်ဘာလ ၂၁ ရက်တွင် ဒုတိယအကျော့ ထပ်မံကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ဘူလ်ဂေးရီးယားသမ္မတရွေး ကောက်ပွဲတွင် ကိုယ်စာလှယ်လောင်း ၂၃ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်သူများ၏ မဲပေးရွေးချယ်မှုဖြင့် အများဆုံးရရှိသူကို အတည်ပြုရွေးချယ်သည့်စနစ်ကို ကျင့်သုံးပါ သည်။ နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေအရ အနိုင်ရရှိသည့် ကိုယ်စားလှယ်လောင်းသည် သမ္မတ သက်တမ်းအား အများဆုံး ၂ ကြိမ် ဆက်တိုက် ထမ်းဆောင်ခွင့်ရရှိမည်ဖြစ်ပြီး တရားဝင် မဲရေတွက်မှုရလဒ်များကို နိုဝင်ဘာလ ၁၆ ရက်တွင် ထုတ်ပြန်သွားမည်ဖြစ် ပါသည်။ ဘူလ်ဂေးရီးယားနိုင်ငံ၏ လူမှုရေးနှင့် နိုင်ငံရေးသုတေသနဆိုင်ရာ ထိပ်တန်း အေဂျင်စီ တစ်ခုဖြစ်သည့် Alpha ၏ လူထုစစ်တမ်းကောက်ယူမှုထုတ်ပြန်ချက်အရ ရာ ဒက်ဗ်သည် ပါတီအများအပြား၏ထောက်ခံအားပေးမှုဖြင့် တရားဝင်မဲ ၄၉.၁ ရာခိုင်နှုန်း ရရှိရန် ခန့်မှန်းထားကြောင်းနှင့် Gallup International မှ ပြုလုပ်သည့် အခြားသော စစ်တမ်းအရ ၄၉.၄ ရာခိုင်နှုန်း ရရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားကြပါသည်။ နိုင်ငံတော် သမ္မတသည် တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးတို့နှင့် ပတ်သက်၍ တာဝန်နှင့် လုပ်ပိုင်ခွင့်အာဏာအပြည့်အဝရှိသူလည်းဖြစ်ပါသည်။ သမ္မတအဖြစ် ရွေးချယ်ခံရပါက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ်လည်း တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး စာချုပ်များ လက်မှတ်ရေးထိုးခြင်း၊ သံအမတ်များခန့်အပ်ခြင်းနှင့် အခြားအရေးပါသော ကိစ္စရပ်များစွာကိုတာဝန်ယူလုပ်ဆောင်ရမည်ဖြစ်ပါသည်။  ပြည်သူများ၏ တစ်ခဲနက် ထောက်ခံအားပေးမှုရရှိထားသည့် ရာဒက်ဗ်၏ သမ္မတသက်တမ်းသည် လာမည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည့်အတွက် သမ္မတအဖြစ် ဒုတိယအကျော့ထပ်မံတာဝန်ထမ်းဆောင်ခွင့်ရရှိမည်ဆိုပါက နိုင်ငံ၏အုပ်ချုပ်ရေးယန္တရား ကို ကောင်းမွန်စွာလည်ပတ်နိုင်စေရေးအတွက် လုပ်ဆောင်လာနိုင်မည်ဖြစ်ပြီး နိုင်ငံရေး အလှည့်အပြောင်းများကို ထိရောက်မှုရှိစွာကိုယ်တွယ်ဖြေရှင်းသွားနိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment