Sunday, November 14, 2021

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုမြင့်တက်နေစဉ် ဘူလ်ဂေးရီးယားနိုင်ငံသား များသည် လွှတ်တော်သစ်တစ်ရပ်နှင့် သမ္မတသစ်တစ်ဦးရွေးချယ်ရန် နိုဝင်ဘာလ          ၁၄ ရက်တွင် မဲရုံများသို့ သွားရောက်ခဲ့ကြပါသည်။ ပြီးခဲ့သည့် ဧပြီလနှင့် ဇူလိုင်လတို့၌ ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲအတွင်းရရှိခဲ့သော မဲရလဒ်များသည် သေချာရေရာမှု မရှိခဲ့သည့်အတွက် မဲဆန္ဒရှင်ပြည်သူ ၆.၇ သန်းခန့်အနေဖြင့် တတိယအကြိမ်မြောက် ကျင်းပပြုလုပ်သောရွေးကောက်ပွဲ၌ ထွက်ပေါ်လာမည့်မဲရလဒ်ဖြင့် လွှတ်တော်အမတ် ၂၄၀ ဦးကို တင်မြှောက်ပြီး အစိုးရသစ်တစ်ရပ်ကို အောင်မြင်စွာဖွဲ့စည်းနိုင်မည်ဟု မျှော်လင့်ထားကြပါသည်။ သို့သော် ကိုဗစ်-၁၉ ကပ်ရောဂါပြန့်ပွားမှုအပေါ် ပြည်သူ များ၏စိုးရိမ်ပူပန်မှုများကြောင့် ရွေးကောက်ပွဲအတွင်း မဲပေးသူနည်းပါးမည်ဟု လေ့လာ ဆန်းစစ်သူများက ခန့်မှန်းထားကြကြောင်း သိရှိရပါသည်။

 

No comments:

Post a Comment