Friday, November 5, 2021

 

    ပိုလန်-ဘီလာရုဇ် နှစ်နိုင်ငံနယ်စပ်တစ်လျှောက်၌ ရွှေ့ပြောင်းအခြေချနေထိုင်သူ များနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပွားမှုများ  ပိုမိုမြင့်တက်လာမှုအပေါ် နေတိုးမဟာမိတ်နိုင်ငံ များအနေဖြင့် စိုးရိမ်ပူပန်လျက်ရှိပြီး ၎င်းကိစ္စနှင့်ပတ်သက်၍ ဘီလာရုဇ်အစိုးရအား နိုင်ငံတကာတရားဥပဒေအတိုင်း လိုက်နာဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများသည် ဘီလာရုဇ်နိုင်ငံမှတစ်ဆင့် နေတိုးအဖွဲ့ဝင်နိုင်ငံ များသို့ဝင်ရောက်ရန် ကြိုးစားနေမှုအပေါ် နေတိုးအဖွဲ့ချုပ်အနေဖြင့် သတိပြုမိလျက်ရှိပါသည်။ ပြီးခဲ့သည့်သြဂုတ်လမှစတင်၍ ပိုလန်-ဘီလာရုဇ်နယ်စပ်တစ်လျှောက် တရားမဝင်ရွှေ့ပြောင်း အခြေချနေထိုင်သူ ၂၈,၅၀၀ ကျော်၏ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုကို ထိန်းချုပ်နိုင်ခဲ့ သည်ဟု ပိုလန်နယ်ခြားစောင့်တပ်ဖွဲ့က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment