Wednesday, February 5, 2020

ဆီးရီးယားအစိုးရသည် တူရကီကျောထောက်နောက်ခံပြု ထိန်းချုပ်ထားသည့် အယ်လ်ဘတ် (al-Bab) မြို့သို့ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း

 

ဆီးရီးယားအစိုးရသည် တူရကီကျောထောက်နောက်ခံပြု ဆီးရီးယားအမျိုးသား တပ်မတော် (Syrain National Army-SNA) မှ ထိန်းချုပ်ထားသည့် အယ်လ်ဘတ် (al-Bab) မြို့သို့ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ် များက ဖေဖော်ဝါရီလ ၂ ရက်တွင် ပြောကြားခဲ့ပါသည်။ တူရကီကျောထောက်နောက်ခံ ပြုသူပုန်များသည် ဆီးရီးယားနိုင်ငံ အလက်ပို (Aleppo) မြို့၏ အရှေ့မြောက်ဘက်  ၃၅ မိုင်အကွာရှိ အယ်လ်ဘတ်မြို့အနီးရှိ ဆီးရီးယားအစိုးရအဖွဲ့ထံ ဖေဖော်ဝါရီလ               ၁ ရက်တွင် တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် ဆီးရီးယားအစိုးရ၏ ပြန်လည်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရခြင်းဖြစ်ပါသည်။ တူရကီကျောထောက်နောက်ခံပြုတပ်ဖွဲ့များသည် အယ်လ်ဘတ် မြို့အနီး ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး  ရုရှားနှင့် ဆီးရီးယားနယ်စပ်ဂိတ် ၂ခုအား သိမ်းပိုက်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment