Friday, February 28, 2020

ဆီးရီးယားမြောက်ပိုင်း အိုင်ဒဲလစ်(Idlib)ပြည်နယ်တွင် တူရကီတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆီးရီးယားစစ်သည် စုစုပေါင်း ၇၆ ဦး သေဆုံးခဲ့ခြင်း

 ၁၃။        ဆီးရီးယားမြောက်ပိုင်း အိုင်ဒဲလစ်(Idlib)ပြည်နယ်တွင် တူရကီတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆီးရီးယားစစ်သည် စုစုပေါင်း ၇၆ ဦး သေဆုံးခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီး ဟူလူဆီအက်ကာ (Hulusi Akar)က ဖေဖော်ဝါရီလ            ၃ ရက်တွင် ပြောကြားခဲ့ပါသည်။ မိမိတို့အနေဖြင့် တူရကီတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးနှင့် အပစ်အခတ်ရပ်စဲရေးများကို သေချာခိုင်မာမှုရှိစေရန် ကြိုးပမ်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အက်ကာက ဆက်လက်ပြောကြားခဲ့ပါ သည်။ တစ်ချိန်တည်းတွင် အဆိုပါပြည်နယ်၌ ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင်များ၏ အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တူရကီစစ်သည် ၅ ဦးအပါအဝင် သေဆုံးသူအရေအတွက်သည် ၈ ဦးအထိရှိခဲ့ပါသည်။ အိုင်ဒဲလစ်ပြည်နယ်တွင် ပစ်ခတ် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက စစ်ဆင်ရေးတစ်ရပ်စတင်သွားရန် စဉ်းစား သုံးသပ်သွားနိုင်ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားထားသည်ဟု သိရှိရပါသည်။

No comments:

Post a Comment