Thursday, February 6, 2020

အစ္စရေးနှင့် တူရကီနိုင်ငံတို့သည် ဆီးရီးယားနိုင်ငံရှိ အကြမ်းဖက်သမားများကို အထောက်အပံ့အကာကွယ်ပေးခြင်း

 အစ္စရေးနှင့် တူရကီနိုင်ငံတို့သည် ဆီးရီးယားနိုင်ငံရှိ အကြမ်းဖက်သမားများကို အထောက်အပံ့ပေးလျက်ရှိကြောင်း ဆီးရီးယားစစ်ဘက်က ဖေဖော်ဝါရီလ ၆ ရက်တွင် ကြေညာခဲ့ပါသည်။ ဖေဖော်ဝါရီလ ၆ ရက် အရုဏ်တက်ချိန်တွင် အစ္စရေးက ဆီးရီးယား နိုင်ငံအတွင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တူရကီက အိုင်ဒဲလစ် (Idlib) စီရင်စု သို့ စစ်ယာဉ်တန်းများစေလွှတ်ခဲ့ပြီးနောက် ဆီးရီးယားစစ်ဘက်၏ အထက်ပါကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ တူရကီစစ်ယာဉ်တန်းများသည် အယ်လ်နျူစရာ (al-Nusra) တပ်ဦးရှိ အကြမ်းဖက်သမားများကို အကာအကွယ်ပေးရန်အတွက် ဆီးရီးယားနိုင်ငံ အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဆီးရီးယားစစ်ဘက်၏ ကြေညာချက်တွင် ဖော်ပြထားပါသည်။ ထို့ပြင် အစ္စရေး၏တိုက်ခိုက်မှုသည် ဒမတ်စကက်မြို့ရှိ ဆီးရီးယား အစိုးရတပ်စခန်းများအပေါ် ပစ်မှတ်ထားခြင်းဖြစ်ကြောင်းနှင့်  ယင်းတိုက်ခိုက်မှုသည် ဆီးရီးယား၏ အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေးများကို ရပ်တန့်သွားစေမည်မဟုတ် ကြောင်းလည်း ဖော်ပြထားသည်ဟု သိရှိရပါသည်။ 

No comments:

Post a Comment