Xinhua;
Feb-3(Mon)
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်
အန်တိုနီယိုဂူတာရက်စ် (Antonio Guterres) သည် ဆီးရီးယားအနောက်မြောက်ပိုင်းတွင် တူရကီနှင့်ဆီးရီးယား တပ်ဖွဲ့များအကြား
စစ်ရေးပဋိပက္ခများကြောင့် ဒေသတွင်း၊ နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိသည်ဆိုသည့် အစီရင်ခံစာများနှင့်ပတ်သက်၍
အလွန်အမင်းစိုးရိမ် လျက်ရှိကြောင်း ၎င်း၏ပြောရေးဆိုခွင့်ရှိသူ
စတီဖန်ဒူဂျာရစ် (Stephane Dujarric) က ဖေဖော်ဝါရီလ ၃ ရက်တွင် ပြောကြားခဲ့ပါသည်။
ဂူတာရက်စ်က အဆိုပါဒေသ၌ ရန်လိုသည့်အပြုအမူများကို
ချက်ချင်းရပ်တန့်ပေးရန် တောင်းဆိုခဲ့ပါသည်။ ဆီးရီးယား နိုင်ငံအနောက်မြောက်ပိုင်း၌
နှစ်နိုင်ငံစစ်ဘက်တပ်ဖွဲ့ဝင်များ၏ ထိပ်တိုက်တွေ့ဆုံမှု
အတွင်း တူရကီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးခဲ့ပြီး ဆီးရီးယားတပ်ဖွဲ့ဝင်အများအပြား ထိခိုက်
ဒဏ်ရာရရှိခဲ့ပါသည်။ လက်ရှိ ဆီးရီးယားအစိုးရ၏ ထိုးစစ်များကြောင့် အိုင်ဒဲလစ် (Idlib) စီရင်စုအတွင်း အရပ်သားများ ထိခိုက်သေဆုံးမှုများနှင့်
အိုးအိမ်စွန့်ခွာထွက်ပြေး မှုများ ဖြစ်ပွားနေခြင်းကြောင့်
နက်ရှိုင်းစွာစိုးရိမ်ပူပန်လျက်ရှိကြောင်း အရပ်သားများနှင့် အရပ်ဘက်အခြေခံအဆောက်အအုံများအား
တိုက်ခိုက်ခြင်းမပြုလုပ်ရန် အထွေထွေ အတွင်းရေးမှူးချုပ်က ထပ်လောင်းပြောကြားခဲ့ပါသည်။
ကုလသမဂ္ဂအနေဖြင့် အိမ်နီးချင်းနှစ်နိုင်ငံအကြား ဖြစ်ပွားလျက်ရှိသော
ပဋိပက္ခများနှင့်ပတ်သက်၍ အဆင့်ဆင့်သောသံတမန်ရေးဆိုင်ရာဆက်သွယ်မှုများ
ပြုလုပ် လျက်ရှိကြောင်း ဒူဂျာရစ်က
ပြောကြားခဲ့ပါသည်။ ကုလသမဂ္ဂအနေဖြင့် လေကြောင်း
တိုက်ခိုက်မှုနှင့် အမြောက်ပစ်ခတ်မှုသတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် အိုင်ဒဲလစ်စီရင်စု
ဝန်းကျင်ဒေသများရှိ အရပ်သား ၃ သန်းကျော်၏ ဘေးကင်း လုံခြုံမှုနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း
ဒူဂျာရစ်က ပြောကြားခဲ့ပါသည်။ ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်အကြား ဆီးရီးယားအစိုးရ၏
အမြောက်ပစ်ခတ်မှု များနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့်
လူအမြောက်အများ ဒဏ်ရာရရှိခဲ့ပါသည်။ ထို့အပြင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ပဋိပက္ခများကြောင့်
လူဦးရေ ၅၀၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ
ထွက်ပြေးရလျက်ရှိပြီး ၎င်းတို့အနက် ၈၀ ရာခိုင်နှုန်းခန့်မှာ အမျိုးသမီး များနှင့်
ကလေးများဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment