Middleeastmonitor;
Feb-26 (Wed)
ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်း
အိုင်ဒဲလစ် (Idlib) စီရင်စုတွင်
ဆီးရီးယား အစိုးရတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် တူရကီတပ်ဖွဲ့ဝင်
၂ ဦးသေဆုံးခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၆ ရက်အစောပိုင်းတွင်
ပြောကြား ခဲ့ပါသည်။ အဆိုပါတိုက်ခိုက်ခံရမှုအား လက်တုံ့ပြန်သည့်အနေဖြင့် ဆီးရီးယားအစိုးရ တပ်ဖွဲ့၏ပစ်မှတ် ၁၁၄ နေရာအား ပြင်းထန်စွာပြန်လည်တိုက်ခိုက်ခဲ့ကြောင်း
တူရကီကာကွယ်ရေးဝန်ကြီးဌာနက
ပြောကြားခဲ့ပါသည်။ အဆိုပါလက်တုံ့ပြန်တိုက်ခိုက်မှု အတွင်း တင့်ကား ၃ စီး သိမ်းဆည်းရမိခဲ့ပြီး လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်
၁ ခု၊ Zu-23 လေယာဉ်ပစ်စက်သေနတ်ကြီး ၁ လက်အပါအဝင် အခြားယာဉ်များကို ဖျက်ဆီးနိုင်ခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့ပါသည်။
ဘာရှာအယ်လ်အာဆတ် (Bashar al-Assad) အစိုးရသည် ၂၀၁၁ ခုနှစ်အစောပိုင်းတွင်
ဆီးရီးယားနိုင်ငံတွင် ဒီမိုကရေစီလိုလားသည့်ဆန္ဒပြသူများကို
ဖြိုခွင်းရာမှစ၍ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။
ဆီးရီးယားပြည်တွင်းစစ်ကြောင့်
လူပေါင်းသိန်းနှင့်ချီ၍ သေဆုံးခဲ့ပြီး လူ ၁၀ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂ၏
စာရင်းများအရ သိရှိရ ပါသည်။ အိုင်ဒဲလစ်စီရင်စုသည် တူရကီနိုင်ငံတောင်ပိုင်းနယ်စပ်အနီးတွင်
တည်ရှိသည့် ဒေသတစ်ခုဖြစ်ပြီး ၂၀၁၈ ခုနှစ်နှောင်းပိုင်းတွင် တူရကီနှင့် ရုရှားနိုင်ငံက
သဘောတူ သတ်မှတ်ထားသည့် တင်းမာမှုလျှော့ချရေးဇုန် (de-escalation zone) အတွင်း ကျရောက်လျက်ရှိပါသည်။ ဆီးရီးယားအစိုးရနှင့် မဟာမိတ်များသည်
အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်များကို
ချိုးဖောက်၍ တင်းမာမှုလျှော့ချရေးဇုန်အတွင်း ကျူးကျော်မှုများကို မကြာခဏပြုလုပ်လျက်ရှိပါသည်။
လက်ရှိအချိန်တွင် တင်းမာမှု လျှော့ချရေးဇုန်အတွင်း၌
နေရပ်စွန့်ခွာထွက်ပြေးလာသူများအပါအဝင် အရပ်သား ၄ သန်းခန့်နေထိုင်လျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment