၈။ ယူကရိန်းနိုင်ငံ ကီဗ် (Kiev) မြို့၌ ဖေဖော်ဝါရီလ
၃ ရက်တွင် ကျင်းပပြုလုပ်မည့် (၈)ကြိမ်မြောက်
High-Level Strategic Council အစည်းအဝေးအတွင်း တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန်
(Recep Tayyip Erdogan) သည် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီး (Volodymyr
Zelensky) နှင့်တွေ့ဆုံ၍ ဒေသတွင်း အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးသွားမည်ဖြစ်ကြောင်း
သတင်းအရင်းအမြစ် တစ်ခုမှ ဖော်ပြခဲ့ပါသည်။ အဆိုပါအစည်းအဝေးအတွင်း ယူကရိန်းနိုင်ငံအတွင်းရှိ
ခရိုင်းမီးတာတာ (Crimean Tatars) လူမျိုးများ၏ အရေးကိစ္စရပ်များနှင့် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များအား
ဆွေးနွေး သွားမည်ဖြစ်ပါသည်။ ၎င်းအပြင် တူရကီသမ္မတ
အာဒိုဂန်နှင့် ယူကရိန်းသမ္မတ ဇီလန် စကီးတို့သည် နှစ်နိုင်ငံမှစီးပွားရေးသမားများနှင့်လည်း
တွေ့ဆုံနိုင်ဖွယ်ရှိကြောင်း သိရှိရ ပါသည်။
No comments:
Post a Comment