Xinhua;
Feb-13(Thu)
ဆီးရီးယားနိုင်ငံ၊
အိုင်ဒဲလစ်စီရင်စုတွင် အရပ်သားများတိုက်ခိုက်ခံရလျက်ရှိ သည်ဟူသည့်
စွပ်စွဲချက်များအား ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၂ ရက်တွင်
ငြင်းဆိုခဲ့ပါသည်။ ရုရှားနိုင်ငံသည် အဆိုပါဒေသတွင် ဆိုချီ (Sochi) သဘော
တူညီချက်များနှင့်အညီ ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း၊ အိုင်ဒဲလစ်စီရင်စုတွင် ယခုဖြစ်ပွားလျက်ရှိသောပဋိပက္ခများမှာ
တူရကီနိုင်ငံအနေဖြင့် ၎င်းတို့လိုက်နာဆောင်ရွက် ရမည့် တာဝန်ဝတ္တရားများကို
ကျေပွန်စွာဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့်ဖြစ်ကြောင်း
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။
ထို့ပြင် အိုင်ဒဲလစ်စီရင်စုအတွင်းရှိ
စစ်မဲ့ဇုန်တွင် အရပ်သားများသည် အကြမ်းဖက် သမားများ၏ ကျူးကျော်ရန်စမှုနှင့်
ရင်ဆိုင်ကြုံတွေ့နေရလျက်ရှိကြောင်း၊ အကြမ်းဖက် သမားများသည် ဆီးရီးယားအစိုးရ၏
တုံ့ပြန်ပစ်ခတ်မှုများအား ကာကွယ်နိုင်ရန်အတွက် လည်း အရပ်သားများကို
လူသားတံတိုင်းများသဖွယ်အသုံးချလျက်ရှိကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက
ပြောကြားခဲ့ပါသည်။ အိုင်ဒဲလစ်စီရင်စုအတွင်းရှိ စစ်မဲ့ဇုန် အတွင်းသို့
တူရကီ-ဆီးရီးယားနယ်စပ်မှတစ်ဆင့် လက်နက်ခဲယမ်းများဝင်ရောက်နေခြင်း မှာ အခြေအနေအား
ပိုမိုဆိုးရွားစေလျက်ရှိကြောင်း၊ တူရကီနိုင်ငံကလည်း ၎င်း၏တပ်ဖွဲ့ များအား
အဆိုပါဒေသသို့ စေလွှတ်လျက်ရှိခြင်းကြောင့် အခြေအနေများပိုမိုရှုပ်ထွေး စေလျက်ရှိကြောင်း
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့ပြင် စစ်မဲ့ဇုန်အတွင်းမှ
ဒုက္ခသည်များ အစုလိုက်အပြုံလိုက်ဝင်ရောက်လျက်ရှိသည် ဆိုသည့် စွပ်စွဲချက်များကိုလည်း
ရုရှားနိုင်ငံက အခြေအမြစ်မရှိသည့်စွပ်စွဲချက်များ အဖြစ် ပြောကြားခဲ့ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment