Tuesday, February 11, 2020

ရုရှားနှင့်တူရကီနိုင်ငံတို့၏ အိုင်ဒဲလစ်ပြည်နယ်နှင့်ပက်သက်၍ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း

 

ရုရှားနှင့် တူရကီနိုင်ငံတို့၏ အစိုးရအဖွဲ့ဝင်တာဝန်ရှိသူများသည်  အိုင်ဒဲလစ် (Idlib) ပြည်နယ်နှင့်ပတ်သက်၍ နှစ်ဖက်စေ့စပ်ညှိနှိုင်းမှုများကို လာမည့်သီတင်းပတ် အတွင်း၌ ဆက်လက်လုပ်ဆောင်သွားကြရန် သဘောတူညီခဲ့ကြကြောင်း တူရကီနိုင်ငံ ခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ၎င်းတို့နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင် များအနေဖြင့် အိုင်ဒဲလစ်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသောအခြေအနေများနှင့် ပတ်သက်၍ အသေးစိတ်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပြီး မြေပြင်တွင် အပစ်အခတ်ရပ်စဲ ထားမှုကို ခိုင်မာသေချာစေရန်နှင့် နိုင်ငံရေးနည်းဖြင့် ဖြေရှင်းဆောင်ရွက်မှုများ အရှိန်အဟုန် မြှင့်တင်သွားနိုင်မည့်နည်းလမ်းများအား အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။ ရုရှားနှင့် တူရကီစစ်ဘက်တို့သည် ဆီးရီးယားအစိုးရနှင့် တရားမဝင်လက်နက်ကိုင်အဖွဲ့များအကြား အပစ်အခတ်ရပ်စဲမှုတစ်ခု ထပ်မံကြေညာနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရှိရ ပါသည်။

No comments:

Post a Comment