Arabnews; Feb-17(Mon)
ဆီးရီးယားနိုင်ငံရှိ သူပုန်အဖွဲ့ထိန်းချုပ်ထားရှိသော အိုင်ဒဲလစ်
(Idlib) စီရင်စု အရေးကိစ္စနှင့်စပ်လျဉ်း၍
တူရကီနှင့်ရုရှားနိုင်ငံတို့အကြား သဘောထားကွဲလွဲမှုဖြစ်ပေါ်
နေခြင်းသည် ရုရှားနိုင်ငံထံမှ S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ် ဝယ်ယူမှုအပေါ် အကျိုးသက်ရောက်စေမည်မဟုတ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး
မက်ဗ်လက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ရော့ဗ် (Sergey Lavrov) နှင့် ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက်
ဖေဖော်ဝါရီလ ၁၅ ရက် တွင် ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့်အတူ
သဘောထား ကွဲလွဲမှု ဖြစ်ပေါ်နေခြင်းကြောင့် မိမိတို့၏ ကိုယ်ပိုင်ရပ်တည်ချက်နှင့် မူဝါဒများကို
ပြင်ဆင်သွားမည်မဟုတ်ကြောင်း ကာဗူဆိုဂလူက ထပ်လောင်းပြောကြားခဲ့ပါသည်။
ထို့ပြင်
ရုရှားကျောထောက်နောက်ခံပြု ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင်များအနေဖြင့် အိုင်ဒဲလစ်စီရင်စုအတွင်း
၎င်းတို့သိမ်းပိုက်ထားသည့်နေရာများမှ ယခုလအကုန်တွင် ဆုတ်ခွာသွားရန်နှင့် ဆုတ်ခွာခြင်းမရှိပါက
စစ်ရေးဆိုင်ရာတုံ့ပြန်မှုနှင့် ရင်ဆိုင်ကြုံတွေ့ ရမည်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan)က
ပြောကြားထားပါသည်။ တူရကီနှင့် ရုရှားနိုင်ငံတို့သည်
အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ တန်ဖိုးရှိ S-400 ဒုံးကျည်စနစ်ရောင်းချရေး သဘောတူညီချက်ကို
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ပြီး
တူရကီနိုင်ငံသည် S-400 ဒုံးကျည်စနစ်ပထမ အသုတ်အား ၂၀၁၉ ခုနှစ်တွင် လက်ခံရရှိထားပါသည်။
အမေရိကန်နိုင်ငံအနေဖြင့် တူရကီနှင့်ရုရှားနိုင်ငံတို့အကြား လက်ရှိဖြစ်ပွားလျက်ရှိသော တင်းမာမှုသည် ၎င်းနှင့် တူရကီနိုင်ငံတို့အကြားဆက်ဆံရေးကို
ပြန်လည်ကောင်းမွန်လာစေရန် အခွင့်အလမ်း တစ်ရပ်အဖြစ် ယူဆလျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment