Xinhua; Feb-21(Fri)
ရုရှားကျောထောက်နောက်ခံပြု
ဆီးရီးယားအစိုးရတပ်ဖွဲ့များသည် အိုင်ဒဲလစ် စီရင်စုရှိ တူရကီကျောထောက်နောက်ခံပြု စစ်သွေးကြွများ၏ ပြင်းထန်သည့်တိုက်ခိုက်မှု
များအား တွန်းလှန်တိုက်ခိုက်ခဲ့ကြောင်း Xinhua သတင်းဌာနက
ဖေဖော်ဝါရီလ ၂၁ ရက်တွင် ဖော်ပြခဲ့ပါသည်။
စစ်သွေးကြွများသည် တူရကီစစ်ဘက်၏ အမြောက် ပစ်ခတ်မှုများကို
အထောက်အကူရယူ၍ ဆီးရီးယားခံစစ်စခန်းများအား အပြင်းအထန် တိုက်ခိုက်ခဲ့ကြောင်း ဆီးရီးယားအရေး ပြန်လည်စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ
ရုရှားစင်တာက ထုတ်ပြန်ကြေညာခဲ့ပါသည်။ စစ်သွေးကြွများ၏ ထိုးဖောက်တိုက်ခိုက်မှုအား
တားဆီး ရန်အတွက် ရုရှားမှ Su-24 တိုက်လေယာဉ်များဖြင့် လေကြောင်းပစ်ကူပေးခဲ့ကြောင်း
အဆိုပါကြေညာချက်တွင် ဖော်ပြခဲ့ပါသည်။
No comments:
Post a Comment