Wednesday, February 26, 2020

ချက်သမ္မတနိုင်ငံနှင့် မြောက်မက်ဆီဒိုးနီးယား နိုင်ငံခြားရေးဝန်ကြီးတို့သည် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုအား အတူတကွလုပ်ဆောင်သွားရန်နှင့် မြောက်မက်ဆီဒိုးနီးယားနိုင်ငံ အား ဥရောပသမဂ္ဂ သို့ ဝင်ရောက်ခွင့်ပြုရေးဆိုင်ရာ ကိစ္စရပ် များအား ဆွေးနွေးခဲ့ခြင်း

 ၁၅။        ချက်သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး သောမတ်စ်ပက်ထရစ်ခ် (Tomas Petricek) နှင့် မြောက်မက်ဆီဒိုးနီးယားနိုင်ငံခြားရေးဝန်ကြီး နီကိုလာဒီမီထရော့ဗ် (Nikola Dimitrov) တို့သည် ဖေဖော်ဝါရီလ ၂၆ ရက်တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုအား အတူတကွလုပ်ဆောင်သွားရန်နှင့် မြောက်မက်ဆီဒိုးနီးယားနိုင်ငံ အား ဥရောပသမဂ္ဂ (European Union-EU) သို့ ဝင်ရောက်ခွင့်ပြုရေးဆိုင်ရာ ကိစ္စရပ် များအား ဆွေးနွေးခဲ့ကြကြောင်း ချက်သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးမူဝါဒ၏ အဓိကဉီးစားပေးတစ်ခုမှာ အနောက်ဘော်လ်ကန်နိုင်ငံများအား အီးယူသို့ ပေါင်းစည်းစေခြင်းဖြစ်ကြောင်း ပက်ထရစ်ခ် က ပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံခေါင်းဆောင်များသည် ကုန်သွယ်ရေး၊ ယဉ်ကျေးမှု၊ ပညာရေးနှင့် ကုလသမဂ္ဂအတွင်း အပြန်အလှန် ကူညီထောက်ပံ့မှုဆိုင်ရာ ကဏ္ဍရပ်များတွင် အတူတကွပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment