Presstv; Feb-20 (Thu)
တူရကီနိုင်ငံအနေဖြင့်
ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင်ရှိသော အိုင်ဒဲလစ် (Idlib) စီရင်စုအတွင်းရှိ အကြမ်းဖက်သမားများအား ထောက်ပံ့ပေးနေမှုကို ရပ်ဆိုင်းရန်
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၀ ရက်တွင် တိုက်တွန်းပြောကြားခဲ့ ပါသည်။ အဆိုပါအကြမ်းဖက်သမားများက
တိုက်ခိုက်မှုတစ်ရပ်ပြုလုပ်ရာတွင် တူရကီ နိုင်ငံက
အမြောက်ပစ်ကူပေးအပ်ခဲ့ခြင်းနှင့်ပတ်သက်၍လည်း ရုရှားကာကွယ်ရေးဝန်ကြီး ဌာနက ဝေဖန်ပြစ်တင်ခဲ့ပါသည်။ တူရကီစစ်ဘက်၏အမြောက်ပစ်ကူကြောင့်
ဆီးရီးယား စစ်သည် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ကို မိမိတို့အနေဖြင့်သိရှိကြောင်းနှင့်
ထိုကဲ့သို့ တူရကီ၏ စစ်ရေးအကူအညီပေးအပ်မှုသည် ပထမဆုံးအကြိမ်မဟုတ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက
ဆက်လက်ပြောကြားခဲ့ပါသည်။
No comments:
Post a Comment